Friday, June 16, 2017
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ တရားခံ (၁) ဦးသေဆုံး
ဇွန် ၁၆၊၂၀၁၇
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှတရားခံ (၁) ဦးဖြစ်သည့် အာလီမူလာ ၃၅ နှစ် အား ဇွန် ၁၅ ရက်မွန်းလွဲပိုင်းက စစ်တွေမြို့မရဲစခန်းမှ တရားရုံးသို့ ရုံးထုတ်လာရာ တရားရုံးအချုပ်ခန်း၌ ထိန်းသိမ်းထားစဉ် ဗိုက်အောင့်သည်ဟုပြောဆိုပြီး သတိလစ်သွားခဲ့သည်။
မြို့နယ်တရားသူကြီး၏ ခွင့်ပြုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အာလီမူလာအား စစ်တွေမြို့ပြည်သူ့ဆးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရာ လမ်းခရီး၌ပင်သေဆုံးခဲ့သည်။
အာလီမူလာသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ တရားခံ (၁) ဦးသေဆုံး
Reviewed by timeayeyar
on
8:15 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment