Latest News

Monday, May 1, 2017

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအတွက် အလှူငွေပေးအပ်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအတွက် အလှူငွေပေးအပ်


ရန်ကုန် မေ ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ ခွဲက ရန်ကန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ် ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်က မတည်လှူးဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တပ်မတော်က ထောက်ပံ့ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃ဝဝဝ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူ များက အခမ်းအနားသို့ တက်ရောက် လာကြသော နိုင်ငံ့လက်ရွေးစင် အားကစား သမားဟောင်းကြီးများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ ပြီး ဂါရဝပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဘောလုံးသမားများနှင့် ကလပ်အသင်း ခေါင်းဆောင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment