Latest News

Monday, May 1, 2017

အရေးပေါ် ကယ်ဆယ်ရေး စွမ်းရည်ပြ

အရေးပေါ် ကယ်ဆယ်ရေး စွမ်းရည်ပြ

ပုသိမ် မေ ၁

ဧရာဝတီတိုင်းဒေသကြီး RESUE လူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်)က ကြီ်းမှူး၍ မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ ဗဟိုရုံးချုပ်မှ ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားသော သင်တန်း အမှတ်စဉ် (၈/၂ဝ၁၇) ဖွင့်ပွဲကို ပုသိမ်မြို့ ကိုးသိန်းမိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်ကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ က တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလှူငွေကျပ်သိန်း ၅ဝဝဝဝဝ ပေးခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟို) ရုံးချုပ် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ကြီး စွမ်းဆောင်ရည်ဆု၊ လူမှုထူးချွန် တတိယဆု ထိုင်းဘုရင်မင်းမြတ်၏ ဘွဲ့တံဆိပ်တော်ရ ဆရာကြီးဦးလှထွန်း ဦးဆောင်၍ တိုင်းဒေသကြီး လူမှု ကယ်ဆယ်ရေးဥက္ကဋ္ဌ ဦးမိုးကြီးနှင့် ထူးချွန်ထက်မြက်နည်းပြများ၊ မင်္ဂလာဒုံ မြို့နယ် အပတ်စဉ် (၇/၂ဝ၁၇) မှ ကျွမ်းကျင်သင်တန်းသားများ အပါအဝင် နည်းပြ ၉၇ ဦးတို့က ပုသိမ်၊ မြတ်ပိတိ၊ မြတ်ပါရမီ၊ တကုန်းကြီးပါရမီ၊ ဒါးကပါ ရမီ၊ ကျုံပျော်စိုးမေတ္တာပါရမီ၊ ကျုံပျော် ရှမ်းစုစေတနာရှင်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ အိမ်မဲမြို့နယ် လူမှုကူညီ ရေး/ ပရဟိတအဖွဲ့များ၊ ပုသိမ်မြို့ နယ် ရဲတပ်ဖွဲ့ဝင်ရဲမေများ အပါအဝင် သင်တန်းသား ၁၁ဝ ကို ၆ ရက် တိုင်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည်။

ထို့နောက် ဧပြီ ၂၉ ရက်က ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော် ခန်းမရှေ့၌ ကားချင်းတိုက်၊ ဆိုင်ကယ် ချင်းတိုက်၊ မီးလောင်၊ ရေနစ်၊ သဘာဝ ဘေးသင့် လူနာများ ကယ်ဆယ်ရေးစွမ်းရည် လက်တွေ့သရုပ်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ် လှကြည်

No comments:

Post a Comment