Latest News

Tuesday, May 30, 2017

“ မိုရာ“ ကြောင့် စစ်တကောင်းတဝိုက် လူ ၃-သိန်းနီးပါး ရွှေ့  ပြောင်း

“ မိုရာ“ ကြောင့် စစ်တကောင်းတဝိုက် လူ ၃-သိန်းနီးပါး ရွှေ့  ပြောင်း

ဘင်္ဂလားပင်လယ်အော်မှာ မနေ့က အင်အား ပြင်းထန်လာတဲ့ ဆိုင်ကလုံးမုန်တိုင်း “ မိုရာ “ ဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံ ကမ်းရိုးတန်းကို အခုမနက်စောစောမှာ ဝင်ရောက်ဖို့ရှိလို့   ပင်လယ် ကမ်းရိုးတန်း မြို့ရွာတွေကလူတွေကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ ဒေသအာဏာပိုင် တွေက နှိုးဆော်ထားပါတယ်။

စစ်တကောင်းမြို့ ၊ Cox’s Bazar, လက်မီပူ၊ ချိန်ပူ စတဲ့ ခရိုင်တွေကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ လူပေါင်း ၃-သိန်းနီးပါးတို့ကို ဘေးကင်းရာ မြေမြင့်ပိုင်းကို ရွှေ့  ပြောင်းနေတယ်လို့  သိရပါတယ်။

လေတိုက်နှုံးဟာ တစ်နာရီကို မိုင်(၆၀) ကျော် အထိရှိနိုင်ပြီး တချို့နေရာတွေမှာ ဆိုင်ကလုံးမုန်တိုင်း အရှိန်ကြောင့်   လှိုင်းလုံးတွေ အမြင့် ၅-၆ ပေအထိ ရိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ကမ်းနီးကမ်းဝေးငါးဖမ်း စက်လှေတွေ အားလုံး ပိတ်ထားလိုက်ြ့ပီး  မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့် ၁၀ အထိ သက်ဆိုင်ရာက ကြေညာထားပြီး ပါတယ်။

RFA

No comments:

Post a Comment