Latest News

Tuesday, May 30, 2017

ပြည်သူပိုင်မြေငှားရမ်းရာမှာ ရန်ကုန်တိုင်းအစိုးရဟောင်း လာဘ်မစားခဲ့ဟုဆို

ပြည်သူပိုင်မြေငှားရမ်းရာမှာ ရန်ကုန်တိုင်းအစိုးရဟောင်း လာဘ်မစားခဲ့ဟုဆို

ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေ အပန်းဖြေနိုင်တဲ့ ပန်းခြံတွေကို အရင်တိုင်းအစိုးရလက်ထက်က ငှားရမ်းခဲ့တဲ့ ကိစ္စတွေမှာ ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီတို့အနေနဲ့ လာဘ်ပေးလာဘ်ယူလုပ်တာ လုံးဝမရှိခဲ့ဘူးလို့ ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဆာကူရာ ဦးဌေးအောင် က ပြောပါတယ်။

Myanmar Now သတင်းဌာနက ရေးသားထားတဲ့ ရန်ကုန်မြို့က ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံဆိုတဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး Sakura ဦးဌေးအောင်က မေလ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ပန်းခြံတွေမှာ ရှိတဲ့ မြေနဲ့ ဆိုင်ခန်းနေရာ ၉၀၀ ကျော်ကို ပေါက်ဈေးထက် အဆမတန် လျှော့ပြီးငှားရမ်းထားတဲ့အတွက် နိုင်ငံအတွက် များစွာ နစ်နာနေတာတွေကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က ပြန်လည်စိစစ်ပြီး လုပ်ငန်းရှင်တွေနဲ့ ပြန်လည်ဆွေးနွေးသွားမယ်လို့ Myanmar Now သတင်းဆောင်းပါးမှာ ပါရှိပါတယ်။

ဦးဌေးအောင်က စည်ပင်ကော်မတီဝင် လုပ်ကိုင်ခဲ့စဉ်က ငှားရမ်းခတွေကို တိုးမြှင့်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ စာချုပ်ပါစည်းကမ်းတွေကို ချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေကို အရေးယူဖို့ ဆောင်ရွက်ခဲ့ပေမယ့် အချို့လုပ်ငန်းရှင်တွေက ဂရုမစိုက်ဘဲ ဆက်လက်လုပ်ဆောင်နေတာတွေ ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲဟာလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း လက်ရှိ ဒုတိယသမ္မတ ၁ ဖြစ်တဲ့ ဦးမြင့်ဆွေရဲ့ ဖိအားမပါဝင်သလို မည်သူတစ်ဦးတစ်ယောက်ကမျှ ဖိအားပေးတာ မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီအနီးက ပြည်သူ့ဥယျာဉ် အတွင်းက မြေဧက ၈၀ လောက်ကို Natural World ကုမ္ပဏီက တစ်ပေ ၆ ကျပ်နှုန်းနဲ့ ၂၅ နှစ် ငှားရမ်းခွင့်ရထားတာတွေ၊ ကမ္ဘာဘုရားလမ်း၊ မြကျွန်းသာပန်းခြံ အတွင်း ကုမ္ပဏီ ၈ ခုက တစ်ပေကို ၂၅ ကျပ်နှုန်းနဲ့ ငှားရမ်းခွင့် ရထားတာတွေဟာ ငှားရမ်းခ နည်းပါးလွန်းတဲ့အတွက် နိုင်ငံဘဏ္ဍာငွေ ထိခိုက်ရတယ်လို့ Myanmar Now ရဲ့ သတင်းဆောင်းပါးမှာ ပါရှိပါတယ်။

Photo: Aung Thain Kha/ RFA

No comments:

Post a Comment