Latest News

Monday, May 1, 2017

ဗိုလ်မှူးတစ်ဦးအပါအဝင် လူလေးဦးကို ကျပ်သန်း ၉၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိ

ဗိုလ်မှူးတစ်ဦးအပါအဝင် လူလေးဦးကို ကျပ်သန်း ၉၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိ

ဗိုလ်မှူးနှင့်တပ်ဖွဲ့ဝင်တို့ကို တပ်မတော်သို့ လွှဲပြောင်း


ဘူးသီးတောင်မြို့အ ခြေစိုက် ခမရ (၅၆၄) တပ်ရင်းမှ ဗိုလ်မှူးတစ်ဦး၊တပ်ဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားနှစ်ဦး စီးနင်းလိုက် ပါလာသည့် ပါဂျဲရိုးကားမှကျပ် သန်း ၈၈၀ တန်ဖိုးရှိ WY စာတန်း ပါစိတ်ကြွရူးသွပ်ဆေးပြားလေး သိန်းလေးသောင်းကို နယ်ခြား စောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ သည်။

အဆိုပါ ပါဂျဲရိုးကားသည် မေလ ၁ရက်နံနက်က ဘူးသီး တောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွာလာစဉ် သုံးမိုင်စစ်ဆေး ရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြားများကို ဖမ်းဆီးရ မိခဲ့ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။

တပ်မတော်အရာရှိ ပါဝင် သော မော်တော်ယာဉ်မှ စိတ်ကြွ ရူးသွပ်ဆေးပြားများဖမ်းဆီးရမိ သည်မှာ မှန်ကန်ကြောင်း မောင် တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင် ဖြူနယ်ခြားစောင့်ရဲစခန်းက ပြစ်မှု ပုဒ်မ ၁၅/၁၉ (က)၂၁ ဖြင့် အမှု ဖွင့်လှစ်ထားပြီး အရပ်သားနှစ်ဦး ကို ပြင်ဖြူ နယ်ခြားစောင့်ရဲစခန်း တွင်  ချုပ်နှောင်ထားသည်။

ဖမ်းဆီးရမိသည့် ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင်တို့ကို နပခတိုင်းမှူး ၏ နှုတ်မိန့်ဖြင့် ခမရ (၅၆၄) တပ်ရင်း၏ ခမရ (၅၆၄) တပ်ရင်း၏ ခေတ္တတပ်ရင်းမှူးထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ရဲတပ်ဖွဲ့၏အမှုဖြစ်စဉ် ကြေးနန်းစာတွင်ဖော်ပြသည်။

မောင်တော နယ်စပ်ဒေသ သည် မူးယစ်းဆေးဝါးဖောက်ကား မှုဖြင့် နာမည်ကြီးနေသော မြို့ ဖြစ်၍ပြီးခဲ့သည့်  ဖေဖော်ဝါရီက မေယုအမည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ကို တစ်လကြာ အကောင်အထည်ဖော်ခဲ့သည်။

မေယု မူးယစ်ဆေးတိုက်ဖျက်ရေးစီမံချက်အတွင်း မောင်တောနယ်စပ်မှ ကျပ်ကိုးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၆ သိန်းကျော်ဖမ်းဆီးရမိခဲ့သည်။

ယခုဖမ်းမိသည့် ပမာဏ သည် အများဆုံးမဟုတ်ဘဲ ပြီးခဲ့ သည့် ဖေဖော်ဝါရီအတွင်း မောင် တော-အလယ်သံကောက် ကား လမ်းရှိ ဗောဓိကုန်းစစ်ဆေးရေး ဂိတ်နှင့် ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉,၂၀၀ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ သည်။


7Day News Journal

No comments:

Post a Comment