Latest News

Monday, May 1, 2017

မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားကို ပြိုင်ကားဝင်တိုက်မိ၍ တစ်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားကို ပြိုင်ကားဝင်တိုက်မိ၍ တစ်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ


(၇၁) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အကြိုအထိမ်းအမှတ် အဖြစ် သွေးလှူဒါန်း၍ပြန်လာ သည့် မီးသတ်တပ်ဖွဲ့ဝင်များစီး နင်းလာသော လိုက်ထရပ်ယာဉ် ကို ပြိုင်ကားတစ်စီးက နောက်မှ ၀င်တိုက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ် ရာရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်သည် ပြည်လမ်းအတိုင်း မှော်ဘီမြို့နယ် ဘက်သို့ ပြန်လာစဉ် မွေးမြူရေး မှတ်တိုင်အနီးတွင် အနောက်မှ ပြိုင်ကားလေးစီးအပြိုင် မောင်းနှင်လာပြီး နောက်ဆုံးမှ လိုက်ပါလာသည့် ပြိုင်ကားပုံစံဆင်ထားသော မစ်ဆူဘီရှီကားက လိုက်ထရပ်ယာဉ်၏ ညာဘက်ဘီးကို ၀င်တိုက်ခဲ့ကြောင်း ကားပေါ်၌ လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

‘‘ကားညာဘက်နောက်ဘီး ကို ၀င်တိုက်မိတယ်။ ကားက ဘေးတိုက်မှောက်ပြီး ဒယဥ့်တိုက်ပါ သွားတယ်။ ကားကိုဝင်တိုက်တဲ့ သူကကားထားခဲ့ပြီး ထွက်ပြေး သွားတယ်။ အခုအချိန်ထိတော့ ဖမ်းမမိသေးဘူးလို့ ပြောပါတယ်’’ ဟု ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝင်တိုက်ခဲ့သည့် ကားအပါ အ၀င် အပြိုင်မောင်းလာသော ကားများသည် သတ်မှတ်ကီလိုထက်ပိုမိုမောင်းနှင်ကြ၍ ယင်း သို့ တိုက်မိခြင်းဖြစ်ကြောင်း  မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားပေါ်မှာပါတဲ့အထဲက ဥက္ကံမီးသတ်စခန်းက တပ်ကြပ် ကြီး ကိုကိုဦးကတော့ ရန်ကုန်ဆေးရုံကြီးအရောက်မှာ သေဆုံးသွား ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၁ ဦးရှိပါတယ်။ အင်းစိန်ဆေးရုံ မှာ ခုနစ်ယောက်တင်ထားပြီး မြောက်ဥက္ကလာဆေးရုံမှာ လေး ယောက်တင်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်မောင်းကို မေလ ၁ ရက်ညအထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထားခဲ့သည့်ကားကို ရဲစခန်းတွင်  သိမ်းဆည်းထားကြောင်း မီးသတ်အရာရှိတစ်ဦးက ပြောသည်။

‘‘ဒဏ်ရာရသူတချို့ကတော့ ငါးရက်နေ့ နှစ်ပတ်လည်ပွဲမတက် နိုင်တော့ဘူး။ လည်ပင်းထိတဲ့ ဆရာကြီးတစ်ယောက်ဆို မသက် သာသေးဘူး။ ကားသမားကတော့တာဝန်မဲ့တယ်လို့ ပြောရမယ်’’ဟု ၎င်းက ပြောသည်။


7Day News Journal

No comments:

Post a Comment