Latest News

Friday, May 5, 2017

လူသေအလောင်းများဖြင့် ပြည့်နေသည့်မြောက်ကိုရီးယားသဘောင်္ဂျပန်ကမ်းခြေသို့ဆိုက်ကပ်

လူသေအလောင်းများဖြင့် ပြည့်နေသည့်မြောက်ကိုရီးယားသဘောင်္ဂျပန်ကမ်းခြေသို့ဆိုက်ကပ်
   

လူသေ အလောင်းများဖြည့်ပြည့်နေသည် မြောက်ကိုရီးယား သဘောင်္တစ်စီး ဟာ ဂျပန်ကမ်းခြေသို့ ဆိုက်ကပ်လာခဲ့ပြီး ကျွမ်းကျင်သူများကတော့ ဒီသဘောင်္မှ လူများဟာ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ရဲ့ အာဏာရှင် စနစ်မှ လွ တ်မြောက်အောင်ထွက်ပြေးလာကြရင်း ပင်လယ်ပြင်မှာ အစာရေစာပြတ်ပြီး သေဆုံးကုန်ကြတာ ဖြစ်တယ် လို့ ခန့်မှန်း ခဲ့ကြပါတယ်။

ဂျပန်ပင်လယ်ကို ဖြတ်လာပြီး အလောင်းများဖြင့်ပြည့်နေတဲ့ မြောက်ကိုရီးယား တစ္ဆေ သဘောင်္များ ဂျပန်ကမ်းခြေတွင် ဆိုက်ကပ်လာတဲ့အထဲမှာ ဒီသဘောင်္က ပထမဆုံးမဟုတ်ပါဘူး။အခုဆိုရင် ဂျပန်နိုင်ငံကနေပြီး လူသေများဖြင့်ပြည့်နေတဲ့ မြောက်ကိုရီးယား သဘောင်္တွေ ဂျပန်ကမ်းခြေသို့ မျှောလာရခြင်း အကြောင်းရင်းကို စုံစမ်းနေတယ်လို့သိရပါတယ်။

အခုမျှောပါလာတဲ့ မြောက်ကိုရီးယား သဘောင်္မှာ “Korean People’s Army” တံဆိပ်ကို ကပ်ထားပြီး သမုဒ္ဒရာရေပြ င်ကို မိုင်ရာပေါင်းများစွာဖြတ်ခဲ့ပြီး ဂျပန် အနောက်ကမ်းရိုးတန်း ကို ဆိုက်ကပ်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

သဘောင်္မှာ ပါလာတဲ့ သူအများစုဟာ ဆင်းရဲတဲ့ မြောက်ကိုရီးယား တံငါသည်များဖြစ်ကြပြီး သဘောင်္ဟာ ပင်လယ်ပြင်မှာ မုန်တိုင်းမိခဲ့တယ် လို့သိရပါတယ်။

သေဆုံးသူများဟာ အရပ်ဝတ်အရပ်စားအင်္ကျီများကိုသာ ၀တ်ဆင်ထားကြပြီး တစ်ချို့အလောင်းတွေကတော့ သေဆုံး ခဲ့တာ အချိန်ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားလို့မရတော့ဘူးလို့ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှ ပြည်သူအများ ရေလမ်းကြောင်းဖြင့် ကင်ဂျုံအန်ရဲ့ အာဏာစက်မှ လွတ်ကင်းရာကို မကြာခဏ ထွက်ပြေးကြပြီး တစ်ချို့ဆို သစ်သားလှေကလေးများဖြင့် ပင်လယ်ကို မကြောက်မရွံ ဖြတ်သန်းလာလေ့ရှိတယ် လို့သိ ရပါတယ်။

Arkar Hein (Shwemom)
Ref : The Sun

No comments:

Post a Comment