Latest News

Tuesday, April 4, 2017

ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲ UMFCCI မှာ ကျင်းပ

ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲ UMFCCI မှာ ကျင်းပ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စီးပွားရေးလောကတစ်ခုလုံးက ပါလာတဲ့အတွက် ပိုပြီးထိရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက သူရဦးတင်ဦး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပတဲ့ "ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ" ဆွေးနွေးပွဲအပြီးမှာ သူရဦးတင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

"စီးပွားရေးနဲ့ ပတ်သက်လို့မတိုးတက်လို့ကတော့မရဘူးလေ၊ အားလုံးပါဝင်ဖို့ဆိုတာက ငြိမ်းချမ်းဖို့အတွက်လိုကိုလိုတယ်လေ"

အဲဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကို စီးပွားရေးလုပ်ငန်းတွေ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့ ICT နည်းပညာနဲ့ ငွေကြေးအထောက်အပံ့တွေ ပံ့ပိုးနိုင်ရေး၊ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ အကြောင်းနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအတွက် လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက အလှူငွေ ကျပ် ၁၄ ဘီလီယံ ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်ပြည့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment