Latest News

Tuesday, April 4, 2017

ဧပြီ ၃ရက်​က Suu Foundation ရဲ့ ဥက္ကဌ Jean Todt နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပါတယ်

ဧပြီ ၃ရက်​က Suu Foundation ရဲ့ ဥက္ကဌ Jean Todt နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပါတယ်

သူက ဒေါ်စုကို ‘ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အဆင့်မြင့် ပညာရှင်အဖွဲ့ ’ ရဲ့  အစီရင်ခံစာကို ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်က အသက်တွေကို ကယ်တင်ဖို့  မြန်မာနိုင်ငံအစိုးရကို နည်းလမ်းတွေ အကြံပြုထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

အဲဒီအကြံပြုချက်တွေ အကောင်အထည်ဖော်တာကို ပံ့ပိုးကူညီဖို့ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တခြား ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးအဆင့် ၀န်ကြီးဌာနတွေနဲ့ အတူ လုပ်ကိုင်ဆောင်ရွက်ဖို့ ဖောင်ဒေးရှင်းက မျှော်လင့်စောင့်စားလျက် ရှိပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေ ဖန်တီးတာနဲ့  အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ပို့ ချတာရဲ့ အရေးပါမှုကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါ တယ်။

ရရှိနိုင်တဲ့ အလုပ်အကိုင်တွေရဲ့ အရေအတွက်ကို တိုးမြှင့်ခြင်းဖြင့်၊ သင့်တော်မှန်ကန်တဲ့ ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းပေးခြင်းဖြင့် အခုထက်ပိုပြီး လူဦးရေများများက မိမိကိုယ်တိုင်အတွက်ရော မိသားစုတွေအတွက်ပါ ထောက်ပံ့နိုင်တဲ့ လုပ်ခလစာကို ရရှိနိုင်တာ သေချာစေဖို့  ဖောင်ဒေးရှင်းက စွဲမြဲခိုင်မာပြီးသား ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ လူငယ်တွေကို သင်တန်းများ ပို့ ချပေးနေပြီ ဖြစ်သလို ရန်ကုန်မှာလည်း ပန်းထိမ်ပညာတတ်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေပြီ ဖြစ်ပါတယ်။

မြန်မာ လက်မှုပညာသည်တွေအတွက် တခြားအခွင့်အလမ်းတွေကိုလည်း ဖော်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှာ ပိုပြီးကြီးမားတဲ့ လျာထားချက်တွေ ရှိပါတယ် အဲဒါတွေ အောင်မြင်ဖို့ ပြည်သူတွေနဲ့ အတူ လုပ်ကိုင်သွားဖို့ မျှော်လင့်လျက်ပါပဲ။

Credit- Suu Foundation
Nainglin Aung

No comments:

Post a Comment