ရန်ကုန်မှ သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူရုံးခန်းအတွင်းအသတ်ခံရ
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ထဲမှာ ရှိတဲ့ သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ဦးဝေယံဦးယ သူရဲ့ ရုံးခန်းအတွင်းမှာ အသတ်ခံလိုက်ရကြောင်းသိရပါတယ်။
ယနေ့ ဧပြီ ၁၆ ရက် မနက် ၀၉း၄၅ အချိန်က ပုဇွန်တောင်မြို့နယ်၊ ၂ ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်း၊ အမှတ်(၂၀၈/ဘီ)၊ ပထမထပ်ရှိ သံမဏိနှင်းဆီဂျာနယ် ရုံးခန်းအတွင်း အသက် ၂၇ နှစ်အရွယ် ဦးဝေယံဦးဟာ ထိုးသွင်းဒဏ်ရာ(စိစစ်ဆဲ)ဖြင့် သေဆုံးနေခဲ့ပါတယ်။
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်စိုး ဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ် ဦးစီး တပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်လျက်ရှိကြောင်း သိရပါတယ်။
Source & Photo: Popular News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment