Latest News

Friday, April 7, 2017

အန္တရာယ်အချက်ပြမှုတိုင်းမှာ ဘာကြောင့် အနီရောင်တွေကိုပဲ အသုံးပြုကြတာလဲ

အန္တရာယ်အချက်ပြမှုတိုင်းမှာ ဘာကြောင့် အနီရောင်တွေကိုပဲ အသုံးပြုကြတာလဲ

တကယ်တော့ အန္တရာယ်သတိပေး အမှတ်အသားတွေမှာ အနီရောင်ကိုသုံးထားတယ်ဆိုတာ အဲဒီလို သာမာန်အတွေးလေးနဲ့တင် မဟုတ်ပါဘူး။

အနီရောင်နဲ့ပြတဲ့ အန္တရာယ်သတိပေးအမှတ်အသားဆိုတာ ကျနော်တို့ နေ့စဉ်ဖြတ်သန်းမှုတွေထဲက နေရာအတော်များများမှာ မြင်တွေ့နေရတဲ့ အရာတစ်ခုပဲဗျ။ ငယ်ငယ်ကတော့ ရှေးကလူကြီးတွေက ဒီလိုမှတ်ခဲ့ကြလို့ အခုလည်း ဒါမျိုးသုံးနေကြတာ နေမှာပေါ့ဆိုပြီး ပေါ့ပေါ့လေးပဲ တွေးခဲ့မိတာပေါ့။

အခုမှ တဖြည်းဖြည်းနဲ့ အတွေးလေးတွေဝင်ဝင်လာမိတယ်။ ကျနော်တို့ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်ကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ဘယ်သူမှ တွေးမိမယ်တောင် မထင်ပါဘူး။ တကယ်တော့ဗျာ သစ်ရွက်ကြွေတာကအစ လေပြေလေးတွေ တိုးသွားတာအဆုံး အားလုံးက စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေ အပြည့်ပဲဗျ။

အခုလည်းကြည့်လေ။ အနီရောင်အမှတ်အသားတွေကို ကျနော်တို့ နေ့စဉ်နဲ့အမျှ တွေ့နေရတာပဲမဟုတ်လား။ ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ကြတာမဟုတ်လားဗျာ။ တွေးမိတဲ့သူဆိုတာ မရှိသလောက်ကို နည်းပါလိမ့်မယ်။ တချို့ကတော့ ထင်ချင်ထင်ပါလိမ့်မယ် အနီရောင်ကိုသုံးထားတယ်ဆိုတာ အရောင်တောက်လို့ (သို့) အဝေးကနေ လှမ်းမြင်နိုင်လို့ (သို့) သွေးအရောင်မို့လို့ စသဖြင့်ပေါ့ဗျာ။ တကယ်တော့ အန္တရာယ်သတိပေး အမှတ်အသားတွေမှာ အနီရောင်ကိုသုံးထားတယ်ဆိုတာ အဲဒီလို သာမာန်အတွေးလေးနဲ့တင် မဟုတ်ပါဘူး။

အနီရောင်ဟာ ရောင်စဉ် (၇)မျိုးထဲမှာ လှိုင်းအလျားအရှည်ဆုံးအရောင်ပါ။ ပြီးတော့ သူက သေးငယ်တဲ့ အမှုန်လေးတွေကိုလည်း ဖြတ်သွားနိုင်တယ်ဗျ။ ဥပမာ - မိုးစက်၊ ဖုန်မှုန့်၊ နှင်းပေါက်လို ဟာမျိုးတွေပေါ့ဗျာ။ ဒါ့ထက် အကြည်ပေါက်စေတဲ့ အမှုန်တွေကိုလည်း ထိုးဖောက်သွားနိုင်တယ်လေ။ ကျနော်တို့ မနက်မိုးလင်းတိုင်း မြင်နေတွေ့နေရတဲ့ နေလုံးကြီးကိုပဲ ကြည့်ပါလား။ အရုဏ်ဦးတိမ်တွေကို ထိုးဖောက်ထွက်ပေါ်လာတာ ရဲရဲကို နီလို့ မဟုတ်လားဗျ။ နှင်ဝေးတဲ့ရာသီတွေမှာ ယာဉ်မောင်းမယ်ဆိုရင်လည်း မီးနီ (သို့) မီးဝါဖွင့်မောင်းရင် အဝေးကနေ အလွယ်တကူလှမ်းမြင်နိုင်တော့ ပိုပြီး အန္တရာယ်ကင်းစေတာပေါ့ဗျာ။ အဲဒါကြောင့်လည်း အနီရောင်ကို သတိပေးအမှတ်အသားတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတာပါ။
Reference: Today I Found Out, အဘယ်ကြောင့် တစ်သိန်း (ကြည်ကြည်မာ)

Duwun

No comments:

Post a Comment