၃မိုင်ဆေးရုံမှရင်ခွဲရုံတာဝန်ကျဝန်ထမ်းငွေကြေးတောင်းခံမှု
ဒီလိုလူမှ အရေးယူအပြစ်မပေးရင် ကျန်းမာရေးဌာနဖျက်သိမ်းပေးပါ မရှိတာက ပို၍ကောင်းပါသည်
စစ်ဝေး (လပွတ္တာ)
ဧပြီ ၂၂ ရက်
လပွတ္တာမြို့ သီတာလမ်းနေ မိခင် ဒေါ်ခင်ညိုနှင့် သမီးဖြစ်သူ ဒေါ်အိမွန်ကျော်တို့ (၂) ဦးမှာ
နေအိမ်အမိုးပြုပြင်စဉ် ဓာတ်ကြိုးကိုင်မိရာမှ
ဧပြီလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ရာ
သက်ဆိုင်ရာတာဝန်ရှိသူများမှ ဓမ္မာတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန်အတွက်
လပွတ္တာ ၃ မိုင်မြို့သစ်ဆေးရုံသို့ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးစေခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေ့တွင် အလောင်းများဆေးရုံသို့ ရောက်သော်လည်း အချိန်ကြာမြင့်စွာ ခွဲစိတ်ခြင်း မပြုလုပ်၍ ရင်ခွဲသူအားမေးခဲ့ရာ ၄င်းမှ " တစ်လောင်းလျှင် ၃ သောင်းဖြင့် ၆ သောင်းပေးမှ ခွဲပေးမည်"ဟု သေဆုံးသူတို့၏ မိသားစုဝင်များအား ပြောဆိုခဲ့ကြောင်း လပွတ္တာဆေးရုံ၏လုပ်ရပ်အား
မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသောစာအရ သိရသည်။
မိသားစုများမှ အရေးပေါ်လာရသောကြောင့် ပိုက်ဆံမပါလာကြောင်း သင်္ကြန်အတက်နေ့ဖြစ်၍ နေ့ချင်းသဂြိုလ်ရမည်ဖြစ်ကြောင်း ပြောဆိုညှိနှိုင်းခဲ့သော်လည်းမရသဖြင့် ဘေးမှမိတ်ဆွေတစ်ဦးမှ ငွေ ၂၅၀၀၀ ပေးခဲ့ရာ
၎င်းမှ အလောင်းအား ခွဲပေး၍ ပြန်ချုပ်ပေးမည် မဟုတ်ကြောင်းပြောခဲ့သဖြင့် မိတ်ဆွေနောက်တစ်ဦးမှ ငွေ ၁၅၀၀၀ ထပ်မံပေးမှသာ အလောင်း ၂ လောင်းအား ရင်ခွဲပေးခဲ့ကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။
လပွတ္တာဆေးရုံမှ ငွေမပေး၍ အလောင်းများရင်ခွဲပေးရန် အချိန်ဆွဲခဲ့သည့်အတွက် ညနေ ၄ နာရီမှသာ အလောင်းများ ထုတ်ယူခွင့်ရခဲ့ပြီး ည ၈ နာရီကျမှသာ မီးသဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ တာဝန်ကိုအလွဲသုံးစားလုပ်၍ ငွေကြေးတောင်းခံမှုများရှိနေသော လပွတ္တာမြို့ သုံးမိုင်မြို့သစ်ဆေးရုံမှ ရင်ခွဲရုံတာဝန်ကျ ဝန်ထမ်းနှင့် ဆေးရုံမှ တာဝန်ရှိသူများအား အရေးယူပေးပါရန်
သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုများက
လပွတ္တမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်ကြားထားကြောင်း သိရှိရသည်။
Credit. Ayeyarwaddy Time
No comments:
Post a Comment