Latest News

Thursday, April 6, 2017

ကျွန်းစုတွင် ငါးဖမ်းသွားသည့် ရေလုပ်သား ၃ ဦး မိုးကြိုးပစ်ခံရ

ကျွန်းစုတွင် ငါးဖမ်းသွားသည့် ရေလုပ်သား ၃ ဦး မိုးကြိုးပစ်ခံရ

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရတောင်ကျေးရွာမှာ ကျွန်းစုမြို့နယ်၊ ရတောင်ကျေးရွာ မြစ်အတွင်းမှာ ဧပြီလ ၅ ရက်နေ့ညနေပိုင်းက ရေလုပ်သား ၃ ဦး ငါးဖမ်းထွက်ချိန် မိုးကြိုးပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦး ထိခိုက်ဒဏ်ရရှိပြီး ၁ ဦးပျောက်ဆုံးနေတယ်လို့ ကျွန်းစုမြို့နယ်ရဲစခန်းရုံး တာဝန်ကျ ရဲတပ်ဖွဲ့တဦးက ပြောပါတယ်။

ငါးဖမ်းစက်လှေပေါ် မိုးကြိုးပစ်ခံရလို့ ဦးမြင့်ဋ္ဌေးမှာ နေရာမှာ သေဆုံးခဲ့ကာ ဒေါ်စန်းညိုကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင် ကုသနေရပြီး ပျောက်ဆုံးနေသူ ဝေဖြိုးကို လိုက်လံရှာဖွေနေဆဲလို့  ဆိုပါတယ်။ ဒီဗွီဘီ

ဇော်ဇော် (မြိတ်)

No comments:

Post a Comment