Latest News

Monday, April 17, 2017

၁၃၇၉ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

၁၃၇၉ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၇

၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ် တော်( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေ ကျော် ကျောင်းတိုက် ဆရာတော်ဘဒ်ဒန်တ-တေဇောဘာသအမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ၀န်ထမ်းမိသားစု များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေ ကျော်ကျောင်းတိုက် ဆရာတော်ဘဒ်ဒန်တ-တေဇောဘာသထံမှ ဧည့်ပရိတ်သတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များထံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်  ဧည့်ပရိတ်သတ်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment