Latest News

Thursday, April 6, 2017

အစိုးရပိုင် ကျွန်းသစ် တန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းမည်

အစိုးရပိုင် ကျွန်းသစ် တန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းမည်

ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်းဘေး မြေကွပ်လပ်မှာရှိတဲ့ အစိုးရပိုင် ကျွန်းသစ်လုံး တန်ချိန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

 ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် မေးမြန်းခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စုပုံထားခဲ့တဲ့ သစ်လုံးတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ မည်သို့ ဆောင်ရွက်မလဲ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ ၀န်ကြီးက အခုလိုထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

 မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းဘေးက မြေကွက်လပ်မှာ စုပုံထားတဲ့ ကျွန်းသစ်လုံးစုစုပေါင်း တန်ချိန် သုံးထောင်ကျော် ရှိကြောင်းနဲ့ အဲဒီအထဲက ကျွန်းသစ်လုံး တန်ချိန် ၂၀၀၀ နီးပါးကို ပုဂ္ဂလိကကုမ္ပဏီတွေကို ရောင်းချပြီးဖြစ်တယ်လို့ ပြောပါတယ်။

 အဲဒီလို ရောင်းချထားတဲ့ သစ်ဖိုးငွေတွေကိုလည်း ရရှိထားပြီးဖြစ်သလို သယ်ယူခွင့်လည်း ပေးထားပြီးဖြစ်ကြောင်းနဲ့ တချို့သောသစ်များကို ကုမ္ပဏီဘက်က လာရောက် မသယ်ယူသေးတာသာ ဖြစ်ကြောင်းလည်း ၀န်ကြီး ဦးဟံထွန်းက ပြောပါတယ်။

Photo: Kaung Htet Kyaw/RFA

No comments:

Post a Comment