Latest News

Monday, April 17, 2017

ဟင်္သတလေပြင်းတိုက်ခိုက် အသေအပျောက်ရှိ

ဟင်္သတလေပြင်းတိုက်ခိုက် အသေအပျောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ဧပြီ ၁၆ ရက် ည(၇)နာရီအချိန်ခန့်က ရုတ်တစ်ရက် လေပြင်းများတိုက်ခတ်မှုကြောင့် ပဲကြီးကျွန်းကျေးရွာအုပ်စု ဥယျာဉ်စုကျေးရွာတွင် လူနေအိမ် (၁)လုံး ပြိုကျပြီး နေအိမ်(၄)လုံးနှင့် ဝိဇိတရာမဘုန်းတော်ကြီးကျောင်းမှ ဓမ္မာရုံ(၁)ဆောင် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသည့်အိမ်မှ ဦးသန်းရင် အသက်(၆၀)ခန့်သည် နေအိမ်အား ကုက္ကိုပင်လဲကျ၍ သစ်ပင်ပိမိ သေဆုံးသွားခဲ့ပြီး  အိမ်ထောင်စု ( ၅) စု ကျား(၁၂) မ(၁၃) လေဘေးသင့်ခဲ့သည်။


အဆိုပါ လေဘေးသင့်ခဲ့သည့် ဥယျာဉ်စုကျေးရွာသို့ ဟင်္သာတမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူးငြိမ်းချမ်း အမှတ်(၂)မြို့မရဲစခန်းမှူး ရဲအုပ်ခင်ရွှေနှင့်ရဲတပ်ဖွဲ့ဝင်များ ခလရ(၁၈)မှ ဗိုလ်မှူးအောင်ဝင်းထွန်းနှင့်  တပ်မတော်သားများ ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ  ပဲကြီးကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်နှင့် ကြက်ခြေနီတပ်ဖွဲ့များက လေဘေးသင့်အိမ်ထောင်စုများ ယာယီပြောင်းရွှေ့နေထိုင်ရေးနှင့် အဆောက်အဦးပြိုကျပျက်စီးမှုများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းတန်ဘိုး (၁၁၃)သိန်းခန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လီမို@ဟင်္သာတ ပြန်/ဆက်
photo - Kyaw Kyaw

No comments:

Post a Comment