Latest News

Sunday, April 2, 2017

သင့်အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့ သူငယ်ချင်းအမျိုးအစား (၃) မျိုး

သင့်အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့ သူငယ်ချင်းအမျိုးအစား (၃) မျိုး


လောကမှာ ပိုက်ဆံ၊ ရာထူးဂုဏ်ရှိန်တွေထက်စာရင် သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ရတာ ပိုကောင်းပါတယ်လို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် သူငယ်ချင်းဆိုတဲ့နေရာမှာလည်း ဘယ်လောက်အတိုင်းအတာထိ ခင်မင်သင့်သလဲ၊ ဆက်တွဲသင့်၊ မတွဲသင့်ဆိုတာတွေ ရှိနေပါတယ်။ သူငယ်ချင်းဆိုတိုင်း ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတိုင်း၊ ကိုယ့်အိမ်ထောင်ရေး၊ ကိုယ့်ချစ်သူရည်းစားအကြောင်း ခရေစေ့တွင်းကျတော့ ပြောမနေသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ကိုယ်မသိလိုက်တဲ့အချိန်လေးမှာ ကိုယ်ခင်မင်ရတဲ့ သူငယ်ချင်းကြောင့် ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေး ဂယောက်ဂယက်တွေ ဖြစ်ကုန်ရတာမျိုးတွေ ကြုံနိုင်တာကြောင့်ပါ။ ဒီတော့ ဘယ်လိုသူငယ်ချင်းမျိုးတွေက သင့်အိမ်ထောင်ရေး၊ သင့်ဇနီးမယား၊ သင့်အမျိုးသားကြား အနှောင့်အယှက်ဖြစ်စေနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။သင့်အိမ်ထောင်ဖက်ကို လုံးဝ အသိအမှတ် မပြုတဲ့ သူငယ်ချင်း

ကိုယ်က ကိုယ့်သူငယ်ချင်းနဲ့ ဆုံချိန်မှာ ကိုယ့်အိမ်ထောင်ဖက်အကြောင်း ပြောလိုက်မိတာနဲ့ တစ်ခြားအကြောင်းကို ချက်ချင်းပြောင်းပြီး စကားလမ်းကြောင်းလွှဲခံလိုက်ရတာမျိုး ကြုံဖူးပါသလား။ ဒါ့အပြင် သူငယ်ချင်းက ကိုယ့်ဇနီး (သို့) ကိုယ့်အမျိုးသား ဘာတွေလုပ်နေသလဲ၊ နေကောင်းရဲ့လား စသဖြင့် ဘယ်တော့မှလည်း မမေးဖူးသလို ရှိတယ်လို့တောင် သတ်မှတ်ထားပုံမရတဲ့ သူငယ်ချင်းမျိုးပေါ့။ ဒါဘာ့ကြောင့်များပါလဲ။ အဲ့ဒီသူငယ်ချင်းဟာ သူ့အတွက်ပဲ ကိုယ့်ကိုလိုအပ်လို့ပါ။ နောက်တစ်နည်းစဉ်းစားနိုင်တာက သူ့ထက် ကိုယ်ကတစ်ခြားတစ်ယောက်ကို ပိုအလေးပေးနေတာ မကြိုက်တာပါ။ တစ်ခြားအရာတွေ ဘာမှမသိချင်ဘူးဆိုတာမျိုးပေါ့။ ဒီလိုဆက်ဆံရေးမျိုးဟာ ဘယ်လိုများရေရှည်အတွက် ကောင်းနိုင်မှာပါလဲ။

၂။အမြဲတမ်းလိုလို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ လှောင်ပြောင်စနောက်မှုတွေ၊ ဟာသတွေ အမြဲလုပ်တတ်တဲ့ သူငယ်ချင်း

အပြင်မှာ အချင်းချင်း ဆုံတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ chat တဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် တစ်ချိန်လုံးနီးပါး လိင်ကိစ္စအကြောင်းအရာတွေချည်း အသားပေးပြောဆိုတတ်တဲ့သူဟာ သာမာန်အခြေအနေတော့ မဟုတ်နိုင်ပါဘူး။ သူငယ်ချင်းအချင်းချင်း နင်ဆက်စီကျတယ်၊ ဆွဲဆောင်မှုရှိတယ် ဘာညာစနောက်ပြောဆိုကြတာ၊ ကိုယ့်သူငယ်ချင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် ပြောဆိုပေးတာမျိုးက တစ်ခါတစ်ရံဆိုရင်တော့ ကောင်းပါတယ်။ အဲ့ဒီလို မဟုတ်ပဲ ဒီ့ထက်ဆိုးတဲ့ အသုံးအနှုန်းတွေကို တစ်ချိန်လုံးသုံးပြီး ကိုယ့်ကိုရော၊ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်ကိုပါ ပြောဆိုလာရင်တော့ ဒီလိုသူငယ်ချင်းမျိုး ရှောင်ပါတော့။

၃။ဟိုထိ၊ ဒီထိ၊ ဟိုကိုင်၊ ဒီကိုင် အသားယူတတ်တဲ့ သူငယ်ချင်း

တစ်ချို့လူတွေက စကားပြောရင်ကို လက်ကလေးတို့တို့ပြီး ပြောတာမျိုး၊ ပခုံးလေးကိုင်ပြီး ပြောထားမျိုး၊ ကျောလေးသပ်ပြီး ပြောတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ မိန်းကလေးအချင်းချင်း၊ ယောင်္ကျားလေးအချင်းချင်းဆိုရင် ကိစ္စမရှိလောက်ပေမယ့် ကိုယ့်အမျိုးသားကို ကိုယ့်သူငယ်ချင်းကောင်မလေးက အဲ့ဒီလိုမျိုး လုပ်နေတာမြင်ရရင် ကိုယ်လည်း ဘယ်စိတ်ချမ်းသာနိုင်ပါ့မလဲ။ ဒီလိုပဲ ကိုယ့်သူငယ်ချင်းကောင်လေးက ကိုယ့်အမျိုးသမီးကို  ဒီလို အသားယူနေတယ်ဆိုရင်လည်း ကိုယ်အနေနဲ့ မခံထိမခံသာတွေ ဖြစ်နေမှာပေါ့။ ဒါ အိမ်ထောင်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်ပါပဲ။ ဒီလိုသူငယ်ချင်းမျိုးရှိ သင့်မှာရှိနေရင်တော့ ခပ်မြန်မြန်သာ ခွာလိုက်ပါတော့။

Ref:yourtango

Trend Myanmar

No comments:

Post a Comment