Latest News

Tuesday, April 18, 2017

ကချင်အစိုးရအဖွဲ့ နှစ်သစ်ကူးအလှူ

ကချင်အစိုးရအဖွဲ့ နှစ်သစ်ကူးအလှူ

မြန်မာ့ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ဒီကနေ့ ငွေကြေးသွားရောက်လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ မေတ္တာပို့ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ပေါ်က ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း နဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁၁ ခုကို ငွေကျပ်သိန်းတစ်ရာကျော် သွားရောက်လှူဒါန်းခဲ့တယ်လို့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် က ပြောပါတယ်။

အလားတူ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဦးဆောင်တဲ့ တပ်မတော်အရာရှိတွေကလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ဒီကနေ့သွားရောက် လှူဒါန်းခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ မနေ့ကတော့ ပြည်နယ်အစိုးရအဖွဲ့က သက်ကြီးပူဇော်ပွဲ၊ သွေးလှူဒါန်းပွဲတွေ အပါအဝင် ဇီဝိတဒါန ငါးလွှတ်ပွဲတွေနဲ့အတူ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲတွေကို မြို့ခံလူထုနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

Photo: Kyaw Myo Min/RFA

No comments:

Post a Comment