Latest News

Wednesday, April 5, 2017

မိုင်းယောင်းမြို့နယ် ၀မ်တပ်ကျေးရွာ၌ ဆိုလာမီး အပူလွန်ကဲရာမှ နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံး



မိုင်းယောင်း ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်လွတ်ကျေးရွာ၌ ဧပြီ ၄ ရက်၊ ညနေပိုင်းက နေအိမ် တစ်လုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ၀မ်လွတ်ကျေးရွာနေ ဦးနွဲ့ခမ်းကျောက် နေအိမ်ရှိ ဆိုလာမီးနှင့်တွဲလျက် ဘက်ထရီ အပူလွန်ကဲရာမှ ညနေ ၃ နာရီခန့် က နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊ တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၂၀) ဦးနှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးလုံးဝငြိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ကာ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အခြားသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဦးနွဲ့ခမ်းကျောက်အား မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment