Latest News

Friday, April 14, 2017

" အမှန်တရားဟာ ဘယ်အထိဆိတ်သုဉ်းသွားခဲ့သလဲ ??? "

" အမှန်တရားဟာ
ဘယ်အထိဆိတ်သုဉ်းသွားခဲ့သလဲ ??? "

အာဏာရှင်တွေဟာ ခရိုနီတွေကိုမွေးဖွားပေးခဲ့တယ်။ အာဏာနဲ့ငွေကြေးရဲ့အလိုကျ စီးပွားရေး၊ပညာရေး၊ကျန်းမာရေးစနစ်တွေဖြစ်လာစေခဲ့ပြီး
အားကစား၊အနုပညာတွေပါ အာဏာရှင်နဲ့ခရိုနီတွေရဲ့ကြိုးဆွဲရာက ခဲ့ရတယ်။ဒါတွေဟာအခုထိရှိနေတုန်းဘဲ။

အဲဒါတွေကြောင့်တိုင်းပြည်ဟာဘယ်နေရာမှ ရစရာ
မရှိအောင် အစစအရာရာကျဆင်းသွားခဲ့တယ်။

အာဏာရှင်နဲ့ငွေရှင်တွေဟာ ပညာရှင်တွေထဲကမှ
နီးစပ်ရာ သူ့အလိုကျလုပ်ပေးမယ့် လူတွေကိုဘဲပံ့ပိုးခဲ့ကြတယ်။ အမှန်တရားမြတ်နိုးတဲ့ပညာရှင်ပေါင်းများစွာ အာဏာရှင်စနစ်တစ်လျှောက်လုံးနေရာမရ ဒုက္ခရောက် ပြည်တွင်းမှာ ပညာရှင်တွေ ဆိတ်သုဉ်းလာခဲ့တယ်။ ပညာရှင်တွေနေရာမရတော့ ဒေသအသီးသီး လုပ်ငန်းအသီးသီး ကျဆင်းပြီပေါ့။

အနုပညာသမားမို့ အနုပညာအကြောင်းပြောရင်းနိဂုံးချုပ်ပါမယ်။ အနုပညာလောကဟာလည်း ငွေရှင်တွေအလိုကျ အသုံးတော်ခံနေရတာအများကြီး ။ကြာခဲ့ပြီ။
အခုလည်းသင်္ကြန်ရက်တွေမှာ Live လွှင့်နေတာ အဆိုမပိုင်အတီးမနိုင် ပြီးတော့ ဘယ်သူမှမသိတဲ့လူတွေလည်းပါရဲ့။ အဲဒါ ငွေရှင်တွေစိတ်တိုင်းကျစီစဉ်ပေး
နေရတာကြောင့်ဖြစ်တယ်။ ကျနော်တော့ အဲဒါတွေနဲ့ ဝေးဝေးနေနိုင်ခဲ့ပြီ။ စိတ်ကုန်ခဲ့ပြီ။ ဒါပေမယ့် အလူးအလဲ လှိမ့်ခံနေရတဲ့ ပညာရှင်တွေကိုယ်စား
ဒီအကြောင်းတွေရေးသားလိုက်ပါတယ်။
လုပ်ငန်းအသီးသီး ရပ်ဝန်းဒေသအထွေထွေမှာ
မှန်မှန်ကန်ကန်ပညာရှင်တွေ နေရာရတဲ့တစ်နေ့မှာ တိုင်းပြည်ဟာ အလျင်အမြန်တိုးတက်လာပါ
လိမ့်မယ်။
ရွှင်လန်းပါစေ (၁၄.၄.၁၀၂၇)
ဆောင်းဦးလှိုင်

No comments:

Post a Comment