Latest News

Sunday, April 2, 2017

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ

နေပြည်တော် ဧပြီ ၂

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့နံနက်၇ နာရီ မိနစ် ၄၀တွင် ရန်ကုန်မြို့၊ သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့်မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်တွင် ပါကစ္စတန်ရေတပ်မှ Commodore Zaka Ur Rehman ဖြစ်သူဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၉၇ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၅ ရက်အထိ လေးရက်ကြာနေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment