Latest News

Thursday, April 20, 2017

အိမ်ခြံမြေရောင်းချသူတွေ လိုက်နာသင့်တဲ့ အချက်ကိုးချက်

အိမ်ခြံမြေရောင်းချသူတွေ လိုက်နာသင့်တဲ့ အချက်ကိုးချက်

ပထမဆုံးအချက်ကတော့ ရောင်းချမယ့် အိမ်ခြံမြေတွေက အ ရှုပ်အရှင်းကင်းရှင်းရပါမယ်။

ရန်ကုန်၊ ဧပြီ ၁၈ – အိမ်ခြံမြေရောင်းသူတွေ လိုက်နာသင့်တဲ့ အချက်ကိုးချက်ရှိတယ်လို့ သိရပါတယ်။
အရောင်းသမားတွေ ကျင့်ဝတ်ဆိုတာဝယ်ယူသုံးစွဲသူ ဒါမှမဟုတ် ကာစတမ်မာတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဂရုတစိုက်ပြုမူဆောင် ရွက်သင့်တဲ့ အရည်အသွေးကိုဆိုလိုပါတယ်။ တစ်ခါတလေမှာ ရောင်းသူတွေဘက်က အမျိုးမျိုးဖိအားတွေကြောင့် အရောင်းသမား တွေအနေနဲ့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေ လွဲချော်တတ် တယ်။ အဲသည်လို လွဲချော်မှုတွေမဖြစ်ရအောင်ရောင်းချသူတွေ လိုက်နာသင့်တဲ့ အချက်ကိုးချက်ရှိပါတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းကသိရပါတယ်။
ပထမဆုံး အချက်ကတော့ရောင်းချမယ့် အိမ်ခြံမြေတွေက အ ရှုပ်အရှင်းကင်းရှင်းရပါမယ်။ ဒါ့အပြင် အိမ်ခြံမြေကိုပိုင်ဆိုင်သူဖြစ် ပြီးတော့ ရောင်းချပိုင်ခွင့်ရှိသူလည်း ဖြစ်ရပါမယ်။
နံပါတ်(၂) အချက်ကတော့ မိမိရောင်းချမယ့် အိမ်ခြံမြေမှာချို့ယွင်း ချက်ရှိ/မရှိ ကိုပြောပြရပါမယ်။
နံပါတ်(၃) အချက်ကတော့ ရောင်းချမယ့် အိမ်ခြံမြေနဲ့ပတ်သက်တဲ့ မူရင်းစာရွက်စာတမ်းတွေကိုစုံစုံလင်လင်ပြသနိုင်ရမယ်။
နံပါတ်(၄)အချက်ကတော့ရောင်းချမယ့် အိမ်ခြံမြေနဲ့ပတ်သက်ပြီး သေသေချာချာနားလည် နေရမှာဖြစ်ပြီးတော့ ဝယ်ယူသူတွေသိလို တာကို မေးမြန်းလာပါကလည်း သေသေချာချာပြောပြနိုင်ရမယ်။
နံပါတ်(၅) အချက်ကတော့ ရောင်းချဖို့ စရန်ငွေယူထားပါက အဲသည် အိမ်ခြံမြေကို ကောင်းစွာစောင့်ရှောက်ပေးရမယ်။
နံပါတ် (၆) အချက်ကတော့ အရောင်းအဝယ်ပြီးဆုံးချိန်မှာ ပစ္စည်းအကုန်လွှဲပေးရမယ်။
နံပါတ်(၇) အချက်ကတော့ ငွေအပြည့်မချေသေးသော်လည်း ဝယ်ယူသူကို လွှဲပေးနိုင်ပြီးကျန်ငွေကို အတိုးတောင်းပိုင်ခွင့်ရှိပါတယ်။
နံပါတ်(၈)အချက်ကတော့ ရောင်းသူအနေနဲ့လွှဲပြောင်းပေးတဲ့နေ့အထိ အခွန်အခတွေကို ဆောင်ပေးရမယ်။
နံပါတ်(၉) အချက်ကတော့ ဝယ်သူဟာ နှစ်ဦး/သုံးဦးစပ်တူဆို ပါက ငွေအများဆုံးပေးချေသူကို စာရွက်စာတမ်းအပ်နှံရမှာဖြစ်ပါတယ်။

Author – မေသက်
Kumudra

No comments:

Post a Comment