Latest News

Friday, April 21, 2017

*မတူကွဲပြားမှုတွေအပေါ်မှာ အခြေခံ*

*မတူကွဲပြားမှုတွေအပေါ်မှာ အခြေခံ*


ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံမို့လို့ တော်တော်မှ ရှုပ်ထွေးတဲ့ သိမ်မွေ့တဲ့ ကိစ္စလေးတွေကို ကျွန်မတို့ ကိုင်တွယ်ရပါတယ်။

ရင်ဆိုင်ရပါတယ်။ သို့သော်ငြားလည်း မတူကွဲပြားမှုဆိုတာဟာ ကျွန်မတို့အတွက် အကျိုးရှိနိုင်တဲ့အင်မတန်မှ ကျယ်ပြန့်တဲ့ သယံဇာတကြီးတစ်ခုပဲလို့ ကျွန်မတော့ ဒီလိုပဲမြင်ပါတယ်။ ကျွန်မတို့မတူကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့နိုင်ငံ ပိုပြီးတော့ တိုးတက်အောင်လို့၊ ပိုပြီးတော့ ကျွန်မတို့နိုင်ငံဖွံ့ ဖြိုးအောင်လို့ ကျွန်မတို့လုပ်နိုင်မယ်ဆိုတာလည်း အဓိကယုံကြည်ပါတယ်။

(၃၀-၃-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

Myanmar State Counsellor Office

No comments:

Post a Comment