Latest News

Saturday, April 22, 2017

ရုရှားဟက်ကာအား အမေရိကန်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

ရုရှားဟက်ကာအား အမေရိကန်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

နယူးယောက် ဧပြီ ၂၂

အမေရိကန်တရားရုံးတစ်ခုတွင် ရုရှားဟက်ကာတစ်ဦးအား အမေ ရိကန်တရားစီရင်ရေးနယ်ပယ်၌ အီလက်ထရွန်နစ်ထွင်းဖောက်မှုများ နှင့်ပတ်သက်သော ပြစ်ဒဏ်ကျူး လွန်သူများကို ချမှတ်ခဲ့သည့် ပြစ်ဒဏ်များထဲ၌အမြင့်ဆုံးပြစ်ဒဏ် အဖြစ် သတ်မှတ်ရမည့်ပြစ်ဒဏ် အား ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာ ဇီးယားသတင်းဌာနကဖော်ပြသည်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူမှာ ရို မန်စီလက်ဇ်နက်ဗ်ဆိုသူဖြစ်ကာ ထောင်ဒဏ် ၂၇ နှစ်နှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၁၇ဝ ခန့်ရှိမည့် ငွေဒဏ်များကိုပါ ချမှတ် ခဲ့ခြင်းဖြစ်သည်။ ရိုမန်စီလက်ဇ် နက်ဗ်သည် အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ အြေ<ွကးဝယ်ကတ် များနှင့်  ဘဏ်စာရင်းများကို အွန်လိုင်းမှတစ်ဆင့်ခိုးယူကာ ပြန် လည်ရောင်းချမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြစ်မှုထင်ရှားကြောင်း အတည်ပြု နိုင်ခဲ့ပြီးနောက်တွင် ထောင်ဒဏ် ၂၇ နှစ်နှင့်အတူ ၄င်းခိုးယူခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ခိုးယူ ခဲ့သည့် ငွေပမာဏအတိုင်း ပြန် လည်ပေးအပ်ရန်နှင့် နစ်နာကြေး များပေးအပ်ရန် အမိန့်ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။

ပေးအပ်ရမည့် ငွေ ကြေးပမာဏမှာအမေရိကန်ဒေါ်လာ သန်း ၁၇ဝ ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။ရိုမန်စီလက်ဇ်နက်ဗ်သည်ရုရှား လွှတ်တော်အမတ်တစ်ဦးဖြစ်သော ဘယ်လာရီစီလက်ဇ်နက်ဗ်၏ သား ဖြစ်ပြီး အမေရိကန်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက်တွင် ရိုမန် စီလက်ဇ်နက်ဗ်၏ ရှေ့နေကအယူခံ ဝင်ခွင့်များကို လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

ထို့အပြင် ရိုမန်စီလက်ဇ်နက်ဗ်၏ ရှေ့နေက အမေရိကန်တရားရုံးက ရုရှားနိုင်ငံသားတစ်ဦးအားဟက်ကာ လုပ်သည်ဟုသတ်မှတ်ကာ သမိုင်း တစ်လျှောက်အမြင့်ဆုံးပြစ်ဒဏ်ဟု သတ်မှတ်နိုင်သော ပြစ်ဒဏ်မျိုး ချမှတ်နိုင်ခြင်းမှာ အမေရိကန်ရွေး ကောက်ပွဲတွင် ရုရှားအစိုးရက ဝင် ရောက်စွက်ဖက်ခဲ့သည်ဟု အငြင်း ပွားနေသော အခြေအနေများကို တင်းမာသည့်အနေအထားသို့ ပိုမို ရောက်ရှိစေနိုင်ကြောင်းပြောသည်။

The Union Daily

No comments:

Post a Comment