Latest News

Thursday, April 20, 2017

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်း အား လှည့်လည်ကြည့်ရှု

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်း အား လှည့်လည်ကြည့်ရှု



ရိုတာဒမ် ဧပြီ ၂၀

နယ်သာလန်နိုင်ငံ၌ အလုပ်သဘောခရီးဖြင့် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရိုတာဒမ်မြို့ရှိ delta work ၊ ရိုတာဒမ်ဆိပ်ကမ်းနှင့် Maasvlakte I နှင့် II တို့အား ရဟတ်ယာဉ်ဖြင့် ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဒုတိယသမ္မတဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ရိုတာဒမ် ဆိပ်ကမ်း လုပ်ငန်းစဉ်များအား သင်္ဘောဖြင့် လိုက်လံကြည့်ရှုလေ့ လာရာ ဆိပ်ကမ်းညွှန်ကြားရေးမှူး Mr. Rene van der pals က ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ရိုတာဒမ်ဆိပ်ကမ်း သည် ဥရောပ၌ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment