Latest News

Monday, April 10, 2017

ရွှေဂုံတိုင်ခုံးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး

ရွှေဂုံတိုင်ခုံးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး

ရွှေဂုံတိုင်ခုံးတံတားပေါ် မှ ဧပြီ ၁၀ ရက် နံနက် ၂ နာရီ ကျော်တွင် အမျိုးသားတစ်ဦး ခုန် ချမှုဖြစ်ပွားပြီး ယင်းအမျိုးသား ကို ဆေးရုံသို့တင်ပို့စဉ် ရရှိထား သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသားသည် ဧပြီ ၁၀ ရက် နံနက် ၂ နာရီကျော် တွင် ရွှေဂုံတိုင်တံတားပေါ်မှ ဓမ္မ စေတီလမ်းဘက်သို့ ခုန်ချခဲ့ပြီး ၎င်း၏ နေရပ်လိပ်စာကို မသိရ သေးကြောင်း ဗဟန်းမြို့မ ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဘာကြောင့် အခုလိုတံတား ပေါ်က ခုန်ချရတာလဲဆိုတာ လည်း မသိသေးပါဘူး။ ဒဏ်ရာရ နေတဲ့အချိန်မှာ စကားမပြောနိုင် တော့ဘူး။ ဦးခေါင်းနောက်ဘက် ထိတာလည်းပါမယ်ထင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးပို့နေတုန်း ရရှိ ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံး သွားပါတယ်’’ဟု ၎င်းက ပြော သည်။

သေဆုံးခဲ့သူ အမျိုးသား သည် အသက် (၃၅)နှစ်ရှိပြီး ပြုတ်ကျချိန်တွင် လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက် ကျိုးခဲ့ကာ ဦးခေါင်း၌လည်း ထိခိုက်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့သည်ဟု အ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

‘‘ဒီလို ခုံးကျော်တံတားတွေ အပေါ် လူတက်ပြီး လမ်းလျှောက် ခွင့်တောင် မပြုထားပါဘူး။ ည ဘက်ကြီးကျတော့လည်း သူ တက်သွားတယ်။ ဘယ်သူမှ မသိ ဘူး။ ပြုတ်ကျတော့မှသာအောက်ကသူတွေက တွေ့တော့ ရဲစခန်းဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူ့ကိုယ်ကတော့ အရက်နံ့ရတယ်။ ဘာကြောင့်အခုလို ခုန်ချပြီး သတ်သေရလဲဆိုတာ တော့ မသိရသေးပါဘူး’’ဟု ၎င်း က ပြောသည်။

သေဆုံးသူ အမျိုးသား၏ မိသားစုဝင်များကို လိုက်လံရှာဖွေနေပြီး ဗဟန်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာအမှုကို စစ်ဆေးနေသည်။

(7Day News)

No comments:

Post a Comment