Latest News

Sunday, April 9, 2017

တရားခံပြေး အောင်ဝင်းခိုင် ပြည်တွင်းမှာ မရှိတော့ဟုယူဆ

တရားခံပြေး အောင်ဝင်းခိုင် ပြည်တွင်းမှာ မရှိတော့ဟုယူဆ

ပြည်တွင်းရဲတပ်ဖွဲ့က အောင်ဝင်းခိုင်ဟာ နေပြည်တော် ပရဆေးဥယျာဉ်အနီး ဇန်န၀ါရီ ၃၀ ရက်က ပျောက်ဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာ နောက်ကွယ်က စေခိုင်းတဲ့ တရားခံပြေး အောင်ဝင်းခိုင်းဟာ  မြန်မာနိုင်ငံအတွင်း မရှိတော့ဘူးလို့ ယူဆရတာကြောင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ (INTERPOL)က အနီရောင်ကြေညာချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

တရားခံပြေးအောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ဖို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဧပြီ ၇ ရက်က အနီရောင်အဆင့် ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်စပ်ဖြတ်ကျော်မှုခင်းဌာနမှ ရဲ အရာရှိတစ်ဦးက အတည်ပြုပြောကြားထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အနီရောင်အဆင့်ထုတ်ပြန်တာဟာ ပြစ်မှုကြီးကျူးလွန်ပြီး  နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်း ရှောင်သူကို ပူးပေါင်းဖမ်းဆီးဖို့ ကြေညာတဲ့ သဘောမျိုးဖြစ်ကာ ပြည်တွင်းမှာမရှိတော့ဘဲ နိုင်ငံ အပြင်ရောက်နေတယ်လို့  ရဲတပ်ဖွဲ့က ယူဆခြင်းဖြစ်တယ်လို့  ရဲအရာရှိကြီးတစ်ဦးက ပြောထားပါတယ်။

‘‘သဘောက သူသွားလာဖူးတဲ့ နိုင်ငံတွေအားလုံးကို ဖမ်းဆီးပေးဖို့ အကူအညီတောင်းမယ်။ နိုင်ငံတကာကလည်း ပူးပေါင်းပေးပါပေါ့။ မိတာဖြစ်စေ၊ မမိတာ ဖြစ်စေ ရဲလုပ်ငန်းသဘောပေါ့’’ လို့လည်း အဆိုပါ ရဲအရာရှိကြီးက ပြောကြားထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ပြည်တွင်းရဲတပ်ဖွဲ့က အောင်ဝင်းခိုင်ဟာ နေပြည်တော် ပရဆေးဥယျာဉ်အနီး ဇန်န၀ါရီ ၃၀ ရက်က ပျောက်ဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်က အောင်ဝင်းခိုင်ကို တစ်နိုင်ငံလုံးတွင် ရှာဖွေဝရမ်း ထုတ်ဖို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ဧပြီ ၆ ရက်က  အချက်အလက်တွေ တောင်းခံခဲ့ပြီး ဦးကိုနီ လုပ်ကြံခံရမှုမှာ ကြည်လင်းအပါအ၀င် တရားခံလေးဦးကို ရုံးထုတ်စစ်ဆေးတာဟာ ငါးကြိမ် ရှိပြီဖြစ်ပါတယ်။
Source: 7Day Daily:Duwun


No comments:

Post a Comment