Latest News

Friday, April 14, 2017

ရုရှားတို့ပိုင်ဆိုင်ထားသည့် ”ဗုံးအားလုံးတို့၏ဖခင်”သည် အမေရိကန်တို့၏ ”ဗုံးအားလုံးတို့၏မိခင်”ထက် ပိုမိုကြီးမားပြင်းထန်


 
ရုရှားတို့ပိုင်ဆိုင်ထားသည့် ”ဗုံးအားလုံးတို့၏ဖခင်”သည် အမေရိကန်တို့၏ ”ဗုံးအားလုံးတို့၏မိခင်”ထက် ပိုမိုကြီးမားပြင်းထန်

ဝါရှင်တန်၊ ဧပြီ ၁၄

ရုရှားတို့ပိုင်ဆိုင်ထားသည့် ”ဗုံးအားလုံးတို့၏ဖခင်”ဗုံးကြီးသည် အမေရိကန်တို့ ယမန်နေ့ညက အာဖဂန်တွင်ကြဲချခဲ့သော ”ဗုံးအားလုံးတို့၏မိခင်”ဗုံးထက် ပိုမိုကြီးမားပြင်းထန်ကြောင်းသိရသည်။

ရုရှားတို့သည် ယင်းဗုံးကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၁ရက်က စမ်းသပ်ဖောက်ခွဲခဲ့ပြီးဖြစ်ကာ၊ အလေးချိန်အားဖြင့်လည်း ”ဗုံးအားလုံးတို့၏မိခင်”ထက် ၄ဆ မျှပိုမိုလေးလံပြီး ယမ်းဘီလူးတန်ချိန် ၄၄တန်နီးပါး၏ပေါက်ကွဲမှုနှင့်ညီမျှသည့်ပြင်းအားရှိကာ အချင်းဝက် ပေတစ်ထောင်ပတ်ပတ်လည်ရှိအရာဝတ္ထုမှန်သမျှပျောက်ပျက်သွားစေနိုင်စွမ်းလည်းရှိသည်ဆို၏။ ယင်းဗုံးသည် သာမန်ဗုံးတို့ပေါက်ကွဲပုံမျိုးနှင့်မတူပဲ လေထုတွင်းရှိ အောက်ဆီဂျင်ဓာတ်ငွေ့နှင့်ပါပူးပေါင်းက ပေါက်ကွဲမှုပြင်းအားပိုမိုပြင်းထန်စေရန်ပြုလုပ်ထားခြင်းဖြစ်သည်။

အမေရိကန်တို့က ”ဗုံးအားလုံးတို့၏မိခင်”ဟု နာမည်ပြောင်ပေးထားသည့် အလေးချိန် ၁၀တန်နီးပါးခန့်ရှိ ဗုံးကြီးတစ်လုံးကို ယမန်နေ့ညပိုင်က အာဖဂန်နစ္စတန်နိုင်ငံရှိ အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ပုန်းအောင်းနေထိုင်ရာ မြေအောက်လိုဏ်ခေါင်းများရှိသည့်ဒေသပေါ်သို့ကြဲချခဲ့သည်။ ယင်းဗုံး၏ အမည်မှာ အမှန်အားဖြင့် Massive Ordinance Air Blast ဖြစ်ပြီး အတိုကောက်အားဖြင့် MOAB ဟုခေါ်ကြသည်ကိုအစွဲပြု၍   ”ဗုံးအားလုံးတို့၏မိခင်(Mother Of All Bombs/MOAB)ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ယင်းဗုံးသည် ယမ်းဘီလူးတန်ချိန် ၁၁တန်ခန့်၏ ပေါက်ကွဲမှုနှင့်ညီမျှသော ပြင်းအားရှိသည်။

PN-002

ref: Russia's Father Of All Bombs Is Mightier Than United States' Mother Of All Bombs
Popular News Journal
  

No comments:

Post a Comment