Latest News

Tuesday, April 18, 2017

၆နာရီအတွင်း ခန္ဓာကိုယ်နဲ့ရင်းကာ လူတွေကိုကြိုက်ရာလုပ်ဖို့ ခွင့်ပြုထားပြီး လူတွေဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုပြသွားတဲ့ အမျိုးသမီး

၆နာရီအတွင်း ခန္ဓာကိုယ်နဲ့ရင်းကာ လူတွေကိုကြိုက်ရာလုပ်ဖို့ ခွင့်ပြုထားပြီး လူတွေဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုပြသွားတဲ့ အမျိုးသမီး
 သူမခန္ဓာကိုယ်ကို စိတ်ကြိုက်လုပ်ဆောင်နိုင်ဖို့အတွက် ကျည်ဆန်တစ်ခုပါတဲ့ ပစ္စတိုသေနတ် အပါအ၀င် ပစ္စည်းအမျိုးအ စား ၇၂မျိုး ချပေးထားပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )
 Marina Abramovic ဟာ အနုပညာသည်တစ်ဦးဖြစ်ပါတယ်။သူမကအနုပညာသည်တစ်ယောက်ကို ၆နာရီအတွင်း ဘာမဆိုလုပ်ခွင့်ရမယ်ဆို လူတွေဘာလုပ်ကြမလဲ ဆိုတာသိချင်လို့ သူမစမ်းသပ်ခဲ့တယ်။

လူတွေဆန္ဒရှိတဲ့အတိုင်း သူမခန္ဓာကိုစိတ်ကြိုက်လုပ်လို့ရအောင် ပစ္စည်း၇၂မျိုးချပေးထားတယ်။ သူတို့လုပ်သမျှအတွက်ေ တာ့ တာဝန်ယူရမယ်လို့ သူမကပြောထားပါတယ်။
 အရင်ဆုံး လူတွေက သူမကိုပြက်ရယ်ပြုကြတယ်။သူမနေရာအနေထားကိုပြောင်းတယ်..လက်မောင်းကို မတင်တ ယ်.. သူမမျက်နှာနဲ့အခြားနေရာတွေကို ပေါက်ကရစာတွေလျှောက်ရေးတယ်။

တခဏတာကြာပြီးနောက် အခြေအနေကပိုဆိုးသွားတယ်..သူမကိုအန္တရာယ်ရှိတဲ့အရာတွေနဲ့ မျိုးစုံလုပ်ပါတော့တယ်။


လူတစ်ယောက်ဆို သူမလည်ပင်းကိုဓားနဲ့ခြစ်သွားတယ်..နောက်တစ်ယောက်ကလည်း သူမလက်ထဲသေနတ်ထည့်ပေးပြီး ကိုယ့်ကိုကိုယ်ချိန်နေသလိုပုံစံမျိုးတွေလုပ်တယ်။ ကိုယ်ထိလက်ရောက် စော်ကားလာတဲ့ယောက်ျားတွေလည်း ရှိတယ် ..သူမကတော့ ဘာမှပြန်မလုပ်ဘူး။

၆နာရီပြည့်သွားတဲ့အချိန်မှာ အနားတ၀ိုက်ကို သူမပုံမှန်အတိုင်းလျှောက်ကြည့်တယ်။ သူမကို ကိုယ်ထိလက်ရော က်စော် ကားတဲ့လူတွေ..ထိခိုက်ဒဏ်ရာရအောင်လုပ်တဲ့သူတွေသူမမျက်နှာကို စေ့စေ့တောင်မကြည့်ရဲကြဘူး ။ သူမကိုရှောင်ပြီး ထွက်ပြေးကြတယ် ။ သူတို့လုပ်ထားတာ သူတို့သိလို့ဒီလိုထွက်ပြေးတယ်ဆိုတာသူမသိနေတယ်လေ။

လူတွေဟာ ကြောက်စရာအကောင်းဆုံးမျိုးစိတ်တွေပါပဲ။
Sunthit

No comments:

Post a Comment