Latest News

Saturday, April 1, 2017

စင်တင်စားသောက်ဆိုင်တွင် စကားများရန်ဖြစ်ကာ ဓားထိုးမှုဖြစ်ပွား၊ ၁ ဦး သေဆုံး

စင်တင်စားသောက်ဆိုင်တွင် စကားများရန်ဖြစ်ကာ ဓားထိုးမှုဖြစ်ပွား၊ ၁ ဦး သေဆုံ


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကွမ်းခြံအုပ်စု ကျေးနီရွာရှိ SKY Moon စင်တင်တေးဂီတ စားသောက်ဆိုင်မှာ စကားများ ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။

မတ် ၃၁ ရက်ည ၈ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားထိုးခံရသူ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ လက်ပံတန်းမြို့မ စခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
“မျက်မြင်သက်သေဖြစ်တဲ့ စားပွဲထိုးကောင်လေးပြောပြချက်အရ ဓားနဲ့ထိုးတဲ့ ကိုတင်စိုးဦးတို့က ၃ ယောက်တစ်ဝိုင်း၊ အထိုးခံရပြီး သေဆုံးသွားတဲ့ ကိုရဲထွန်းကျော်(ခ) ကိုရဲတို့က နှစ်ယောက်တစ်ဝိုင်း ထိုင်နေကြတယ်။ သေဆုံးသူက ငွေရှင်းပြီးတော့ ကိုတင်စိုးဦးတို့ ထိုင်နေတဲ့ဝိုင်းကို သွားတယ်၊ ပြီးတော့ ကိုတင်စိုးဦးကို နောက်ကနေဖက်ပြီး စကားပြောတယ်၊ ပြီးတော့ ကိုတင်စိုးဦးက ရုန်းထွက်ပြီး ကိုရဲထွန်းကျော် (ခ) ကိုရဲကို ဓားနဲ့ထိုးလိုက်တာပါ။ ကျူးလွန်သူ တရားခံကိုတော့ ဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးရမိပါတယ်။”

လက်ပံတန်းမြို့နယ် မြို့မရဲစခန်းက တင်စိုးဦး (၃၅) နှစ်အား အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်နိုင်ဖို့ စခန်းမှူး ဒုရဲမှူးချစ်ကိုကိုက လူသတ်မှုအား တာဝန်ယူစစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်းဓာတ်ပုံ - ဝဏ္ဏထွန်း(DVB)

No comments:

Post a Comment