Latest News

Thursday, April 13, 2017

သင်္ကြန်ကို စီးပွားရေး အမြင်နဲ့ ကြည့်တတ်ဖို့လိုပီ

သင်္ကြန်ကို စီးပွားရေး အမြင်နဲ့ ကြည့်တတ်ဖို့လိုပီ

၁- သင်္ကြန်ဟာ တဖြည့်ဖြည်းနဲ့ အဆင့်အလိုက် ပျော်စရာ အဖြစ်ကို ပြောင်းလာခဲ့တယ်။ သိန်းချီ သုံးနိုင်သူတွေက မဏ္ဍပ်မှာ လက်မှတ်ဝယ်၊ ပါတီလိုကဲ၊ မူးယစ်ဆေးသုံး။ သောင်းဂဏန်း သုံးနိုင်သူတွေက ကားစုငှား၊ ရေပက်ခံထွက်။ နောက်ဆုံး ဟို အောက်ခြေက မတတ်နိုင်သူတွေက ရေသန့်ဗူးခွံကောက် ပြန်ရောင်းစားပေါ့။

၂- ဒီလို ဖြစ်လာတာနဲ့ အမျှ သင်္ကြန်ဟာ ဈေးကွက် ဖြစ်လာခဲ့တယ်။ မဏ္ဍပ်ကို ပါမစ်ချ၊ လူကြီးသားရ၊ အဆိုတော်ငှား၊ စတာတွေကို စီးပွားရေးလို လုပ်လာခဲ့ကြတယ်။ ဦးဝင်းဦးတို့ နှစ်တိုင်း မန်းလေး ဆင်းဆိုတာ သင်္ကြန်ကို ချစ်တာ။ အခု အဆိုတော်တွေ ဆိုတာ ငွေရှာတာ။ ထားပါတော့

၃- ဒီလိုနဲ့ သင်္ကြန်ဟာ လုပ်စားပွဲ ဖြစ်လာတယ်။ မူးယစ်ရမ်းကားသူများလို့ အုပ်စုမတောင့်ရင် ရေပက်ခံ မထွက်ရဲ၊ ကားလောက်မှ မငှားနိုင်ရင် အိမ်မှာ ကုပ်နေ။ အရပ်ထဲက အုန်းလက်မဏ္ဍပ်တွေ ပျောက်ကုန်ခဲ့တယ်။ သင်္ကြန်မှာ ဒီအတိုင်း လမ်းပေါ်လျောက်ရင် ရေမစိုတော့ဘူး။

၎- နိုင်ငံခြားသားတွေက မြန်မာ သင်္ကြန်ထက် ထိုင်းသင်္ကြန်ကို ပို သဘောကျကြတယ်။ စည်ကားတယ်။ မကြမ်းတမ်းဘူး။ ခြေလျှင်ပျော်လို့ ရတယ်။

၅- ကျွန်တော်တို့အနေနဲ့ မဏ္ဍပ်မရှိလို့ ရန်ကုန်သင်္ကြန် သေဆုံးပြီလို့ ပြောမယ့်အစား ဘယ်လို အိုင်ဒီယာ ပြောင်းမလဲ စဉ်းစားသင့်တယ်။ ဒေါက်ဇော်ရဲ့ လမ်းလျောက်သင်္ကြန်ဟာ နမူနာပဲ။ ကန်တော်ကြီးပတ်ချာလည် အဲလို လုပ်လို့ရတယ်။ တခြား water source ရှိတဲ့နေရာတွေမှာ လုပ်လို့ရတယ်

၆- သင်္ကြန်ကို စီးပွားရေး အမြင်နဲ့ ကြည့်တတ်ဖို့လိုပီ။ အချင်းချင်း ခုတ်တဲ့ စီးပွားရေးတော့မဟုတ်။ နိုင်ငံခြားငွေရှာမယ့်စီးပွားရေး

(သက္ကမိုးညို)

No comments:

Post a Comment