Latest News

Sunday, April 2, 2017

လူတိုင်းလွတ်လပ်စွာ ဖင်ပြောင်ခွင့်ရှိသည်။(သရော်စာ)


လူတိုင်းလွတ်လပ်စွာ ဖင်ပြောင်ခွင့်ရှိသည်။
ဒါကို လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ထပ်တိုးရမည်။
မဟုတ်ရင် ဖင်ပြောင်တာကိုပဲ ရာဇ၀တ်မှုကြီး တခု ကျူးလွန်နေလိုလို....။
အခုလိုမျိုး ဖင်ပြောင်တာဟာ တော်ရုံ ပါရမီရင်သန်မှု မဟုတ်။
စိုပြေဟာ ငယ်ငယ်ကတည်း လရောင်အောက်မှာ ဖင်ပြောင်ပြောင်နှင့် လမ်းလျှောက်ချင်သူ တယောက်။

အခုဆို မြန်မာပြည်မှာ လူတော်တော်များများ ဖင်ပြောင်ပြောင်နှင့် လမ်းလျှောက်ကြသည်။
ဒီရက်ပိုင်းအတွင်းဆို ဆက်တိုက်ကြီး ဖင်ပြောင်နေကြသည်။
ဒါတောင် အွန်လိုင်းပေါ်ကို တတ်လာတာပဲ ရှိသေးသည်။
အွန်လိုင်းပေါ် မတတ်ဘဲ ရပ်ကွက်ထဲမှာ ဖင်ပြောင်နေသူတွေ အများကြီးရှိဦးမည်။
အင်တာနက်မရှိသည့် နေရာမှာ ဖင်ပြောင်ကြီး လမ်းလျှောက်တာတွေလည်း ရှိနိုင်သည်။

တကယ်တော့ လူဆိုတာ မွေးကတည်း ဖင်ပြောင်ကြီး မွေးလာသည့် လူမျိုး။
ကြီးလာတော့မှ အ၀တ်အစားတွေ ၀တ်။
အလှတွေ ပြင်။
အ၀တ်မ၀တ်ဘဲ ဖင်ပြောင်နေသူတွေကို ကဲ့ရဲ့ကြနဲ့။
အခုဆို ဖင်ပြောင်တာကိုပဲ ဆေးကြောင်နေသလိုလို။
ရူးနေသလိုလို ပြောနေကြသည်။ ဒါက စော်ကားမှုဖြစ်သည်။ ခွဲခြားမှုဖြစ်သည်။

အဲ့လို ခွဲခြားစောက်ကားနေသူကရော.... ဖင်မပြောင်ကြဘူးလား။
လူတိုင်းဟာ နေ့တိုင်း ဖင်ပြောင်ကြတာပဲ။
အိမ်သာတတ်ရင်ဖြစ်ဖြစ်။
ရေချိုးခန်းထဲမှာ ရေချိုးရင်ဖြစ်ဖြစ် ဖင်ပြောင်ကြစမြဲ.....။
အချို့လည်း အ၀တ်လဲလျှင် ဖင်ပြောင်ကြီး လဲကြသည်။
လူတိုင်းနီးပါး ဖင်ပြောင်ကားတွေကို စိတ်ဝင်စားကြသည်။
အခွေဆိုင်မှာ ခိုးဝယ်ပြီး ကြည့်ကြသည်။
အွန်လိုင်းပေါ်မှာ လိုက်ရှာကြသည်။

ဘာပဲဖြစ်ဖြစ် အခုဆို အိမ်မှာ ဖင်ပြောင်ရုံနှင့် အားမရ။
လမ်းပေါ်ကိုပါ ထွက်ပြီး ဖင်ပြောင်ကြပြီဆိုတော့....။
ဒါဟာ ဖင်ပြောင် လူ့အဖွဲ့အစည်း အားကောင်းလာသည့် သဘောဖြစ်သည်။

ဒါမှမဟုတ်....။ အချို့တွေ ပြောနေကြအတိုင်းဒါဟာ...
နောက်ကွယ်က ကြိုးကိုင်နေသူရှိလို့လား။
နောက်ကွယ်က ဖင်မဲကြီးများလား။
ဘယ်သူမှ မပြောနိုင်။

နောက်ကွယ်မှာ....။ စိုပြေ့လို လရောင်အောက်မှာ ဖင်ပြောင်ကြီး လမ်းလျှောက်လိုသူ လူတစ်ယောက်ရှိချင်လည်း ရှိမည်။
ဒါပေမဲ့ အဲ့လူက ဖင်မဲကြီး။
ဖင်မဲကြီးတော့ လူတွေက သူ့ ပြသနာရှာနိုင်သည်။ လူတွေက အမဲဆိုရင် အလာ့ဂျစ်ရှိသည်။ သိပ်မကြိုက်။ အမဲဖိုးဘီးယားပေါ့။
အဲ့တော့ ဖင်ဖြူတာကိုပဲ မြင်ချင်ကြသည်။

ဒီတော့ နောက်ကွယ်က ဖင်မဲကြီးဟာ...။
ပထမဆုံး ဖင်ဖြူတွေကို ပွဲထုတ်မည်။
တယောက်စ နှစ်ယောက်စ၊ နောက်ပိုင်း ဖင်ပြောင်လမ်းလျှောက်တာတွေ ခေတ်စားလာမည်။
ဖင်ပြောင်အဖွဲ့အစည်းတွေ ဘာတွေ ထောင်လာနိုင်သည်။

အဲ့အခါ နောက်ကွယ်က ဖင်မဲကြီးဟာလည်း အပြင်ထွက်လာမည်။
သူလည်း ဖင်ပြောင်လမ်းလျှောက်။
ဖင်ကြီးမဲနေတော့ သူ့ကို လူတွေက ကန့်ကွက်နိုင်သည်။
ဖင်မဲကြီး မုမု ဆိုပြီး ဆန္ဒတွေ ပြလာမည်။

အဲ့အခါ ဖင်မဲကြီးက ဖင်ဖြူ ဖင်မဲ ခွဲခြားမှု အလိုမရှိဆိုပြီး တန်ပြန် ဆန္ဒပြ။
ဖင်မဲ အခွင့် အရေးအတွေက် လှုပ်ရှား....။
နောက်တော့ လူတိုင်း ဖင်ပြောင်ခွင့်ရှိသည်။
ဖင်မဲ၊ ဖင်ဖြူ ခွဲခြားသူမှန်သမျှဆန့်ကျင်ကြ။

တကယ်တော့ လူတိုင်း ဖင်ပြောင်နေရင် ကောင်းသည်။
အရင်ဆုံး အ၀တ်အထည်တွေရောင်းသည့် ကုမ္ဗဏီတွေ ဒေ၀ါလီခံသွားမည်။
လူတွေ အ၀တ်အစားဖို့ အကုန်အကျ သက်သာမည်။
တတ်တူးထိုးထားသူတွေအတွက်လည်း အဆင်ပြေမည်။
အရင်လို တတ်တူးပေါ်အောင် ဇာအင်္ကျီတွေ၊ စွပ်ကျယ်တွေ ၀တ်နေစရာ မလိုတော့။
တတ်တူးဆရာတွေလည်း အလုပ်ကောင်းလာနိုသည်။

ပြီးတော့ အတုအယောင်တွေ ပျောက်သွားနိုင်သည်။
ဖင်တု၊ ရင်တုတွေ ရှိတော့မည်မဟုတ်။
ဗိုက်ပူလား၊ ဆစ်ပက်ခ်လား။
အကိတ်လား။ အပိန်လား။
ဝဲတွေရှိသလား။ ချေးညှောင်ကင်းရဲ့လား။
တလွဲဆံပင်ကောင်းနေလား။
ပဲမြစ်လား။ ဘာလား။
တန်းသိနိုင်မည်။

ဆရာဝန်အတွက်လည်း ကောင်းသည်။ ဓါတ်မှန်ရိုက်ဖို့ အ၀တ်အစားချွတ်ခိုင်းစရာမလို။
ဆေးထိုးဖို့ ဖင်လှန်စရာမလိုတော့။

အဲ့တော့ ဒီနေ့ကစပြီး လူတိုင်း ဖင်ပြောင်ခွင့်အတွက် စိုပြေ လှုပ်ရှားတော့မည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းမှာ “လူတိုင်း ဖင်ပြောင်ခွင့်ရှိသည်” ဆိုပြီး ကြေညာချက် တခုတိုးစေရမည်။
အခု ဖင်ပြောင်ကြီး လမ်းလျှောက်သူတွေက ရဲက ဖမ်းနေခြင်းကို ကန့်ကွက်ရမည်။
ဖင်ပြောင်တာ ရာဇ၀တ်မှု မဟုတ်။
လူတိုင်း မွေးရာပါ အခွင့်အရေးဖြစ်သည်။
ခန္̔ဓာကိုယ်ကို ဖုံးကွယ်ထားတာ မှန်သမျှ ဆန့်ကျင်ကြ။
လူတိုင်း လွတ်လပ်စွာ ဖင်ပြောင်ခွင့်ရှိသည်။

စိုပြေ Zayya Sopyay fb

No comments:

Post a Comment