Latest News

Friday, April 21, 2017

မလေးရှားမှာ ဗီဇာသက်တမ်းကျော်နေတဲ့ မြောက်ကိုရီးယား သုံးရာနီးပါး လာရောက်အဖမ်းခံ

မလေးရှားမှာ ဗီဇာသက်တမ်းကျော်နေတဲ့ မြောက်ကိုရီးယား သုံးရာနီးပါး လာရောက်အဖမ်းခံ

ကွာလာလမ်ပူ၊ ဧပြီ ၁၈ - မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အစ်ကို သေဆုံးမှုနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားပြီးနောက် မလေး ရှားဟာ ဗီဇာလိုအပ်ချက်အသစ်တွေကို ပြဋ္ဌာန်းလိုက်တာကြောင့် ပြီးခဲ့တဲ့အပတ်အတွင်း မြောက်ကို ရီးယား ၂၉၆ ဦး လာရောက်အဖမ်း ခံခဲ့တယ်လို့ မလေးရှားက အင်္ဂါ နေ့မှာ ပြောပါတယ်။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ကင်မ်ဂျုံနမ်း အသတ်ခံရပြီးနောက် မလေးရှားဟာ မြောက်ကို ရီးယားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်ပါ တယ်။
ဗီဇာသက်တမ်းလွန် နေထိုင်ပြီး လာရောက်အဖမ်းခံတဲ့သူတွေထဲမှာ အလုပ်လုပ်ခွင့်နဲ့ နေထိုင်နေ သူ ၁၁၃ ဦးနဲ့ အလည်အပတ်ဗီဇာနဲ့ နေထိုင်သူ ၁၈၃ ဦးတို့လည်း ပါဝင်တယ်လို့ မလေးရှားလူဝင်မှုဌာနရဲ့ ကြေညာချက်တစ်ရပ်ထဲမှာ ပြော ပါတယ်။

“ဒီ မြောက်ကိုရီးယား ၂၉၆ ဦး လုံးဟာ မလေးရှားကနေ ထွက်ခွာသွားရတော့မယ့် သူတွေပါ” လို့ အဆိုပါဌာနက ပြောပါတယ်။ သူတို့ အားလုံးဟာ ဘော်နီယိုက မလေးရှားပြည်နယ်တစ်ခုဖြစ်တဲ့ ဆာရာဝပ်မှာ နေထိုင်ကြသူတွေ ဖြစ် ပါတယ်။

အခုအချိန်အထိ ဗီဇာသက်တမ်းကျော်တဲ့ အလုပ်လုပ်ခွင့်ပါမစ်နဲ့ နေထိုင်နေပြီး လာရောက်အဖမ်းမခံသေးတဲ့ မြောက်ကိုရီးယားလေးဦး ရှိသေးတယ်လို့ အဆိုပါဌာနက ပဲ ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်ရှင်တွေကတော့ သူတို့တွေကို အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ ပြောပါတယ်။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment