Latest News

Tuesday, April 11, 2017

ရေကြည်မြို့နယ်တွင် ခိုးဝင် ဘင်္ဂါလီ ၂ ဦးဖမ်းဆီးရမိ

ရေကြည်မြို့နယ်တွင် ခိုးဝင် ဘင်္ဂါလီ ၂ ဦးဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ ရေနံသာ စုပေါင်း စစ်ဆေးရေးဂိတ်မှာ ဒီနေ့ မနက်က ခိုးဝင်ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

“ခု ဘင်္ဂါလီ နှစ်ဦး ဖမ်းမိထားပြီး ချုပ်ထားပါတယ်။ ခု မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိတဲ့သူတွေ ရောက်ပြီး စစ်ဆေးနေတယ်” လို့ ကုန်းပြင်စခန်းမှူး ရဲအုပ်ကျော်ထွန်းသာက ဒီဗွီဘီကို ပြောပါတယ်။

ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ ဖမ်းဆီးရမိဖို့  ပုသိမ်-မုံ၇ွာလမ်းမှာ ရဲကင်းချပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မဲဇလီကုန်း ရဲတပ်ဖွဲ့စခန်းအပိုင် မကျီးပင်ကွင်းရဲကင်းမှူး တပ်ကြပ်ကြီး စံရင်ကပြောပါတယ်။

“ဆိုင်ကယ်နဲ့ ဖမ်းမိတယ်လို့သိရပြီး ဘယ်လောက်လာမှန်းမသိပါ။ ဒါကြောင့် လွတ်မြောက်နေတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို ဖမ်းဆီးရမိဖို့ ပုသိမ်-မုံရွာ ကားလမ်းမပေါ်က ရဲကင်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ထားတာပါ”လို့ ပြောပါတယ်။

လက်ရှိ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တွေထဲက မြို့နယ်ကူး ဝင်ပေါက် ထွက်ပေါက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

DVB

No comments:

Post a Comment