Latest News

Thursday, April 20, 2017

အုပ်ချုပ်ရေးမှူးရုံးဖျက်ဆီးခံရမှု ငပုတောမြို့နယ်တွင်ဖြစ်ပွားခဲ့ ဖျက်ဆီးသူ၈ဦးကို ပုဒ်မ၃ခုစီဖြင့် တရားစွဲဆို

အုပ်ချုပ်ရေးမှူးရုံးဖျက်ဆီးခံရမှု ငပုတောမြို့နယ်တွင်ဖြစ်ပွားခဲ့
ဖျက်ဆီးသူ၈ဦးကို ပုဒ်မ၃ခုစီဖြင့် တရားစွဲဆို


၂၀.၄.၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဖျက်ဆီးခံခဲ့ရပါတယ်။

ဧပြီ၁၄ရက်နေ့ သင်္ကြန်ပွဲတော်အတွင်း မုံလုံးရေပေါ် လုံးနေသူတွေကို နှောက်ယှက်တာကြောင့် အုပ်ချုပ်ရေးမှူးရုံးစောင့်က ဝင်ရောက်ဟန့်တားရာကနေ ရန်ပွဲဖြစ်ကာ အုပ်ချုပ်ရးမှူးရုံး ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရုံးစောင့်နဲ့ ရွာသားတွေ ရုံးရင်းဆန်ခတ်ဖြစ်ကာ ရုံးရှေ့တံခါးဘောင်တွေပျက်ဆီးခြင်း ရုံးသုံးဗီနိုင်းများဆွဲခွာခံရခြင်း ရုံးအနောက်တံခါးပျက်ဆီးခြင်း အုပ်ချုပ်ရေးမှူးထိုင်ခုံနဲ့ ရုံးအတွင်းရှိ ထိုင်ခုံတွေ လဲကျခြင်းတွေဖြစ်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးမှူးရုံးတံဆိပ်ပါ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရုံးစောင့်ကို ၀ိုင်းဝန်းထိုးကြိတ်ခြင်း၊ ရုံးအတွင်းဝင်ရောက် ဖျက်ဆီးခြင်း၊ ရုံးစာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ခြင်း ခဲနဲ့ပစ်ပေါက်ခြင်းတွေ ပြုလုပ်ခဲ့တဲ့အတွက် ကြွက်နီပါ (၈) ဦးကို ပုဒ်မ ၄၅၁၊ ၄၂၇၊ ၃၁၃ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။

တင်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်ဖျက်ဆီးခဲ့တဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် ငရုတ်ကောင်းနယ်မြေရဲစခန်းက ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

မောင်ရဲနိုင် (ငပုတော)TheAyeyarwaddy Times

No comments:

Post a Comment