Latest News

Friday, April 21, 2017

ရုရှားနိုင်ငံက မြောက်ကိုရီးယားနယ်စပ်သို့ စစ်သည်များနှင့် စစ်လက်နက်ယန္တရားများပို့လွှတ်၍ အင်အားဖြည့်တင်း

ရုရှားနိုင်ငံက မြောက်ကိုရီးယားနယ်စပ်သို့ စစ်သည်များနှင့်
စစ်လက်နက်ယန္တရားများပို့လွှတ်၍ အင်အားဖြည့်တင်း

၂၁.၄.၂၀၁၇

ကိုရီးယားကျွန်းဆွယ်ဒေသ၌ အချိန်မရွေး စစ်မီးထတောက်မည့် အရေးစိုးရိမ်နေကြချိန်တွင် ရုရှား နိုင်ငံက မြောက်ကိုရီးယားနယ်စပ် သို့ စစ်သည်များနှင့် စစ်လက်နက် ယန္တရားများပို့လွှတ်၍ စစ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း ဗြိတိန် အခြေစိုက်သည်ဆန်းသတင်းစာက ယနေ့ဖော်ပြခဲ့သည်။

ရုပ်သံမှတ်တမ်းများ၏အဆိုအရ စစ်ယာဉ်ယန္တရားများ တင်ဆောင် ထားသော စစ်သုံးသယ်ယူပို့ဆောင် ရေးမီးရထားသုံးစီးသည် ၁၁မိုင် ရှည်လျားသည့် ရုရှားနှင့် မြောက် ကိုရီးယားနယ်စပ်သို့ ဦးတည်ခုတ် မောင်းနေကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်ဒေသ၌ စစ်ရေးပဋိပက္ခ ပေါ်ပေါက်ခဲ့ပါက မြောက်ကိုရီးယား ဒုက္ခသည်များ ရုရှားနိုင်ငံအတွင်းသို့ အစုအပြုံလိုက် ဝင်ရောက်လာနိုင်သည်။

ထို့အတူ အမေရိကန်ပြည် ထောင်စုက မြောက်ကိုရီးယားနျူ ကလီးယားအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပါက ရေဒီယိုသတ္တိကြွ ဓာတ်မှုန့်များသည် ရုရှားနိုင်ငံအတွင်း သို့ ၂နာရီအတွင်း ရောက်ရှိလာနိုင် ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးထားသည်။

ယူအက်စ်အက်စ် ကားလ်ဗင်ဆင် လေယာဉ်တင်သင်္ဘော ဦးဆောင် သော အမေရိကန်ရေတပ်အုပ်စု သည် ယခင်ကြေညာထားသည့် အတိုင်း ကိုရီးယားကျွန်းဆွယ်ကမ်း လွန်၌ တပ်ချနေရာယူတော့မည် မဟုတ်ကြောင်း သတင်းများ ထွက် ပေါ်နေသော်လည်း လက်ရှိအချိန် ထိ ကိုရီးယားကျွန်းဆွယ်ဒေတွင် အခြေအနေများ တင်းမာနေဆဲဖြစ်သည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ နောက်ဆုံးပြုလုပ်ထားသောမအောင် မြင်သည့် ဒုံးကျည်စမ်းသပ်မှုနှင့်ပတ် သက်၍ အမေရိကန်ပြည်ထောင်စု က ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ရေး ဆွဲပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထံ ဧပြီ ၁၉ရက်က တင်သွင်းခဲ့ ကြောင်း သိရသည်။

Myanmar Live

Russia ‘moves troops and equipment’ to North Korea border, as Kim Jong-un warns of 'super-mighty pre-emptive strike'

No comments:

Post a Comment