Latest News

Thursday, April 20, 2017

ချန်ပီယံလိဂ်တွင် အကောင်းဆုံးအသင်းမရှိတော့ဟုဒိုင်ဘာလာရှုမြင်

ချန်ပီယံလိဂ်တွင် အကောင်းဆုံးအသင်းမရှိတော့ဟုဒိုင်ဘာလာရှုမြင်


ဂျူဗင်တပ်တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာက ချန်ပီယံလိဂ်တွင် အကောင်းဆုံးအသင်း ဘာစီလိုနာ ထွက်ခွာသွားရပြီဖြစ်သဖြင့် ဘယ် အသင်းနဲ့ရင်ဆိုင်ရသည်ဖြစ်စေ ကိစ္စမရှိဘဲ အကြိုဗိုလ်လုပွဲရောက် လေးသင်းစလုံး အခွင့်အရေး ဆတူရှိကြောင်း သူရဲ့အမြင်ကို ပြောကြားခဲ့သည်။ ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတို့ ကွာတား ဖိုင်နယ်တွေ့ဆုံမှုတွင် ဂျူဗီက ဘာစီလိုနာကို နှစ်ကျော့ပေါင်း သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ကစားကာ အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်အပြီးတွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်၊ ပြင်သစ်ကလပ် မိုနာကိုနှင့် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်း တို့ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာနိုင်ခဲ့သည်။

ဒိုင်ဘာလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မဲခွဲဆုံးဖြတ်မှုကို စောင့်စားကြည့်ရှုခဲ့တဲ့အချိန်ကတည်းက ဂျူဗင်တပ်အသင်းသားများမတွေ့ဆုံလိုတဲ့တစ်ခုတည်းသော အသင်းမှာ ဘာစီလိုနာသာဖြစ်သည်ဟု ဖောက်သည်ချခဲ့သည်။ အကြိုဗိုလ်လုပွဲတက်ရောက်လာတဲ့ အသင်းများ တွင် ကြောက်လန့်ဖွယ်ကောင်းတဲ့ ပြိုင်ဘက်မပါဝင်သဖြင့် အားလုံး အခွင့်အရေး ညီတူမျှတူ ရှိကြောင်းဆိုခဲ့သည်။ ဂျူဗင်တပ်အသင်းသည် ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၁ဝ ပွဲအတွင်း ပေးဂိုးနှစ်ဂိုး ကိုသာ ခွင့်ပြုခဲ့ရရာ ဂျူဗီအနေဖြင့် ခံစစ်ဦးစားပေး ကစားလွန်းတယ်ဆိုတဲ့ ဝေဖန်ချက်ကိုမူ ဒိုင်ဘာလာက ငြင်းဆန်ပယ်ချခဲ့သည်။

ဒိုင်ဘာလာက ဘာစီလိုနာအသင်းကို နောက်ကောက်ချပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်းအတွက် ကျေနပ်ပျော်ရွှင်မိပြီး အကြိုဗိုလ်လုပွဲတွင် ဘယ်အသင်းနဲ့ တွေ့ချင်သည်၊ မတွေ့ချင်သည် ဆိုသည်မရှိတော့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မေလဲ့သင်း(ပြန်/ဆက်)

No comments:

Post a Comment