Latest News

Saturday, April 22, 2017

ကျောင်းနှင့်ဆေးရုံများ တည်ဆောက်ခြင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူ

ကျောင်းနှင့်ဆေးရုံများ တည်ဆောက်ခြင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူ

ယခုဘဏ္ဍာနှစ်ကစ၍ တစ် နိုင်ငံလုံးတွင် အသစ်ထပ်မံတည် ဆောက်မည့် စာသင်ကျောင်းနှင့် ဆေးရုံ များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု သတင်းရရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းများ ပြောင်းလဲရယူရန် ဧပြီ ၁၂ ရက်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာနအပါအဝင် ပညာ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ညှိနှိုင်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ တည်ဆောက်ရေးလုပ် ငန်းများကို ယခင် ဘဏ္ဍာနှစ်များက ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ကပုဂ္ဂလိကလုပ်ငန်းရှင်များ အား ကန်ထရိုက်ပေး၍ တည်ဆောက်စေခဲ့ခြင်းဖြစ်သော်လည်း ယခုဘဏ္ဍာ နှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန က လွှဲပြောင်းရယူ ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က 7Day Daily အား ပြောသည်။     ‘‘ကျွန်တော်တို့ဆီမှာက ကျွမ်းကျင်အင်ဂျင်နီယာတွေ၊ ပညာရှင်တွေ အများကြီးရှိတဲ့အတွက် အခုလို လွှဲပြောင်းရယူလိုက်တာပါ။ ပညာရေးနဲ့ ကျန်းမာရေးလုပ်ရမယ့်လုပ်ငန်းတွေက ကျွန်တော်တို့ကို အပ်လိုက်တဲ့ သဘောပါ’’ဟု ဦးမင်းထိန်က ပြောသည်။

ဆေးရုံ၊ ဆေးခန်းနှင့် စာ သင်ကျောင်းများ တည်ဆောက် ခြင်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက တာဝန်ယူတည်ဆောက် မည်ဖြစ်သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များကိုပါ လုပ်ကိုင် ခွင့်ချထားပေးမည့် အစီအစဉ် များရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ စာ သင်ကျောင်းများ တည်ဆောက် ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန မှ ကန်ထရိုက်ပေးထားသည့် ပုဂ္ဂ လိက ကုမ္ပဏီများက အရည် အသွေး အဆင့်အတန်းမီ တည် ဆောက်နိုင်မှု မရှိခြင်းကြောင့် ၎င်းတို့ကို ထိန်းချုပ်စစ်ဆေးနိုင် ရန် ယခုကဲ့သို့ တာဝန်များ ပြောင်းလဲရယူလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ နေပြည်တော်ဝန်ကြီးဌာန တစ်ခုမှ အဆင့်မြင့် အရာရှိတစ်ဦးက ‘‘အဓိကကတော့ Public ကို သွားတဲ့ဟာက Quality Control မရှိဘူး။ နိမ့်ကျတယ်ဆိုတဲ့ ပြဿ နာရှိတယ်။ အဲဒါကို ဘယ်လိုထိန်း ချုပ်မလဲဆိုတာ စဉ်းစားရမှာ လေ။ ဒါကို မစဉ်းစားဘဲ မယုံလို့ ဆောက်လုပ်ရေးကပဲ လုပ်မယ် ဆိုတော့ သူတို့ကို ဘယ်သူက Control လုပ်မလဲ။ ဘယ်သူက အာမခံမလဲ။ နိုင်ငံတော်လုပ်ငန်း ကို နိုင်ငံတော်ကပဲ လုပ်တယ်ဆို တာ ဒါဆိုရှယ်လစ်အိုင်ဒီယာပဲ’’ ဟု ထောက်ပြသည်။

ဆောက်လုပ်ရေး ဝန်ကြီး ဌာနသည် လက်ရှိ မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနလက်အောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်နင်းစွာ လုပ်ကိုင်ရန် ခက်ခဲ ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင် များကိုသာ ကန်ထရိုက် ထပ်မံ ပေးရဖွယ်ရှိကြောင်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခင်အစိုးရ လက်ထက် ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဝန်ကြီးဌာန နှစ်ဆင့် ဖြတ်သန်းရမည့် အခြေအနေဖြစ်၍ အပိုကုန်ကျမှုများနိုင်သည်ဟု သုံးသပ်သည်။

ဝန်ကြီးဌာန တည်ဆောက် ရေးလုပ်ငန်းများကို လုပ်ကိုင်ရ ခြင်းသည် တရားဝင်အခွန်များ ပေးဆောင်ရခြင်းအပြင် အပိုကုန် ကျမှုများလည်း ရှိနေသည်။ မူလ ဝန်ကြီးဌာနနှင့် တာဝန်ခံဝန်ကြီး ဌာနနှစ်ခုအတွက် အပိုကုန်ကျ စရိတ် များလာနိုင်သည်ကိုလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့က စိုးရိမ်နေသည်။

ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ပိုရလာသော ဝန်ကြီးဌာနများဖြစ်သည်။ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ပညာရေး ဝန်ကြီးဌာနအတွက် အစိုးရချထားပေးသည့် ဘတ်ဂျက်ကျပ် ၁,၇၀၀ ဘီလီယံကျော်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ် ၁,၀၀၀ ဘီလီယံကျော်ရှိသည်။

ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ် ဂျက်အသုံးစရိတ်သည် အစိုးရ စုစုပေါင်း အသုံးစရိတ်၏ ၁၃ ရာ ခိုင်နှုန်းကျော်ရှိပြီး ယင်းပမာဏ သည် ယခင်အစိုးရ အသုံးစရိတ် ပမာဏနှင့်နှိုင်းယှဉ်ပါက အမြင့် ဆုံးဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် တည်ဆောက်ရေးစီမံကိန်းများ ပါဝင်သည့် ငွေလုံးငွေရင်း အသုံး စရိတ်ကို ၂၀ ရာခိုင်နှုန်းသုံးစွဲရန် သတ်မှတ်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၃၀ ရာခိုင်နှုန်း သုံးစွဲရန် လျာထား သည်။

(7Day News)

No comments:

Post a Comment