Latest News

Friday, April 28, 2017

ရန်စသည့်လုပ်ရပ် ရှောင်ရှားရန် မြောက်ကိုရီးယားကို ရုရှားနှင့်ဂျပန် ဆော်သြ

ရန်စသည့်လုပ်ရပ် ရှောင်ရှားရန် မြောက်ကိုရီးယားကို ရုရှားနှင့်ဂျပန် ဆော်သြ
 
ရန်စတဲ့လုပ်ရပ်နဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ မြောက်ကိုရီးယားနဲ့ တခြားနိုင်ငံတွေကို ရုရှားနဲ့ ဂျပန်နိုင်ငံခေါင်းဆောင်တွေက ဆော်သြလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတိုးလာနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ မြောက်ကိုရီးယားနဲ့ တခြားနိုင်ငံတွေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးတို့က ဆော်သြလိုက်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ရုရှားနဲ့ ဂျပန် ၂ နိုင်ငံ ခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။

မြောက်ကိုရီးယားအရေး တင်းမာမှု ပြေလျော့အောင်လုပ်ရာမှာ ကူညီဖို့ နီးနီးကပ်ကပ် ပူးပေါင်းကြိုးစားရေး သဘောတူခဲ့ကြတယ်လို့ ပူတင်နဲ့ အဘေးက ပြောပါတယ်။

မြောက်ကိုရီးယားအရေး ၆ နိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေ ပြန်စဖို့ လိုလားတယ်လို့ ပူတင်က အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment