Latest News

Tuesday, April 4, 2017

ေတာင္ျပင္ေက်းရြာက AMDP ပါတီ၀င္ ၂၀၀ ေက်ာ္ ႏႈတ္ထြက္


( မြန္ျပည္နယ္ ေခ်ာင္းဆံုၿမိဳ႕နယ္မွာ မတ္လ ၂၉ ရက္ေန႔က မဲဆြယ္ေနတဲ့ မြန္ေဒသလံုးဆိုင္ရာ ဒီမိုကေရစီပါတီ အဖြဲ႕ဝင္ေတြကို ေတြ႕ရစဥ္ )Photo: Kyaw Lwin Oo/RFA

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေတာင္ျပင္ေက်းရြာက မြန္ေဒသလံုးဆိုင္ရာ ဒီမိုကေရစီပါတီ ဥကၠဌအပါအ၀င္ ပါတီဝင္ ၂၀၀ ေက်ာ္ဟာ ဧၿပီလ ၁ ရက္ေန႔ကစၿပီး ပါတီ၀င္အျဖစ္ကေန ႏုတ္ထြက္လိုက္ပါတယ္။

မြန္ပါတီေတြ ကြဲျပားေနတဲ့အတြက္ မဲေတြကြဲေနတာေၾကာင့္ ပါတီဝင္ေတြက ႏုတ္ထြက္ခဲ့ၾကတာလို႔ ႏုတ္ထြက္လိုက္တဲ့ မြန္ေဒသလံုးဆိုင္ရာဒီမိုကေရစီပါတီ ေတာင္ျပင္ေက်းရြာ ဥကၠဌ ဦးႏိုင္မြန္စိုက္က ေျပာပါတယ္။

"မြန္ပါတီေတြ ၂ ပါတီ ၃ ပါတီရွိေနေတာ့ မဲေတြကြဲေနတယ္ေလ၊ အဲ့ဒါကိုျမင္ေတာ့ တို႔ပါတီသားေတြ မလုပ္ေတာ့ဘူးဆိုၿပီး ဆံုးျဖတ္လိုက္တယ္၊ ေလးလပိုင္း ၁ ရက္ေန႔က ဆံုးျဖတ္လိုက္တယ္ အဲ့ေန႔ကပဲ စႏုတ္ထြက္တယ္"

ေတာင္ျပင္ေက်းရြာမွာ မြန္ေဒသလံုးဆိုင္ရာ ဒီမိုကေရစီပါတီဝင္ ၂၉၀ ေက်ာ္ရွိၿပီး ပါတီဥကၠဌ အပါအဝင္ ပါတီဝင္ ၂၀၀ ေက်ာ္က ႏုတ္ထြက္လုိက္တာျဖစ္ၿပီး ပါတီအေျခစိုက္တဲ့အိမ္ပိုင္ရွင္ကိုယ္တုိင္ ႏုတ္ထြက္လိုက္တဲ့အတြက္ ပါတီအလံနဲ႔ ဆိုင္းဘုတ္ေတြကို ျဖဳတ္လိုက္တယ္လုိ႔ ေျပာပါတယ္။

ပါတီ၀င္ေတြ ႏုတ္ထြက္တဲ့အေၾကာင္း ဗဟိုပါတီကိုတင္ျပသြားမွာမဟုတ္ဘဲ မြန္ပါတီေတြ တစ္ပါတီတည္း ေပါင္းစည္းလိုက္ခ်ိန္ေရာက္မွ အဲဒီပါတီမွာ ျပန္လည္ဝင္ေရာက္သြားမယ္လို႔ ေျပာပါတယ္။

မြန္ႏိုင္ငံေရးပါတီေတြျဖစ္တဲ့ မြန္အမ်ဳိးသားပါတီနဲ႔ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီတို႔ ေပါင္းစည္းႏိုင္ေရးအတြက္ မြန္ျပည္သစ္ပါတီ ဒုတိယဥကၠဌ ႏုိင္ဟံသာ ဦးေဆာင္ၿပီး မြန္ဆရာေတာ္ေတြ၊ မြန္ပညာရွင္ေတြပါဝင္တဲ့ မြန္ႏုိင္ငံေရးပါတီမ်ား ညီညြတ္မႈ တည္ေဆာက္ေရး ညွိႏႈိင္းေရးအဖြဲ႔က ညွိႏႈိင္းေနေပမယ့္ ေပါင္းစည္းဖို႔ ပ်က္သြားေၾကာင္း ၿပီးခဲ့တဲ့မတ္လဆန္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

https://www.facebook.com/rfaburmese
Credit:RFA Burmese


#Unicode Version
( မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မတ်လ ၂၉ ရက်နေ့က မဲဆွယ်နေတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့ဝင်တွေကို တွေ့ရစဉ် )Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌအပါအဝင် ပါတီဝင် ၂၀၀ ကျော်ဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ပါတီဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။

မွန်ပါတီတွေ ကွဲပြားနေတဲ့အတွက် မဲတွေကွဲနေတာကြောင့် ပါတီဝင်တွေက နုတ်ထွက်ခဲ့ကြတာလို့ နုတ်ထွက်လိုက်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တောင်ပြင်ကျေးရွာ ဥက္ကဌ ဦးနိုင်မွန်စိုက်က ပြောပါတယ်။

"မွန်ပါတီတွေ ၂ ပါတီ ၃ ပါတီရှိနေတော့ မဲတွေကွဲနေတယ်လေ၊ အဲ့ဒါကိုမြင်တော့ တို့ပါတီသားတွေ မလုပ်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်၊ လေးလပိုင်း ၁ ရက်နေ့က ဆုံးဖြတ်လိုက်တယ် အဲ့နေ့ကပဲ စနုတ်ထွက်တယ်"

တောင်ပြင်ကျေးရွာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၉၀ ကျော်ရှိပြီး ပါတီဥက္ကဌ အပါအဝင် ပါတီဝင် ၂၀၀ ကျော်က နုတ်ထွက်လိုက်တာဖြစ်ပြီး ပါတီအခြေစိုက်တဲ့အိမ်ပိုင်ရှင်ကိုယ်တိုင် နုတ်ထွက်လိုက်တဲ့အတွက် ပါတီအလံနဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်လိုက်တယ်လို့ ပြောပါတယ်။

ပါတီဝင်တွေ နုတ်ထွက်တဲ့အကြောင်း ဗဟိုပါတီကိုတင်ပြသွားမှာမဟုတ်ဘဲ မွန်ပါတီတွေ တစ်ပါတီတည်း ပေါင်းစည်းလိုက်ချိန်ရောက်မှ အဲဒီပါတီမှာ ပြန်လည်ဝင်ရောက်သွားမယ်လို့ ပြောပါတယ်။

မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်ပြီး မွန်ဆရာတော်တွေ၊ မွန်ပညာရှင်တွေပါဝင်တဲ့ မွန်နိုင်ငံရေးပါတီများ ညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းနေပေမယ့် ပေါင်းစည်းဖို့ ပျက်သွားကြောင်း ပြီးခဲ့တဲ့မတ်လဆန်းက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


https://www.facebook.com/rfaburmese
Credit:RFA Burmese

No comments:

Post a Comment