Latest News

Sunday, March 12, 2017

ပဲခူးမြို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၁၀၀ ဖိုးခန့် ဖမ်းမိ

ပဲခူးမြို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၁၀၀ ဖိုးခန့် ဖမ်းမိ



ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး ၈ မှာ မတ်လ ၁၁ ရက်နေ့က ကာလတန်ဖိုး ကျန်သိမ်း ၁၀၀ လောက်ရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲအုပ်လင်းထွန်းနှင့်ပူးပေါင်းအဖွဲ့က သတင်းအရ ပဲခူးမြို့ရပ်ကွက်ကြီး ၈၊ ပဲခူး- ရန်ကုန်သွားကားလမ်းပေါ်မှာ စောင့်ဆိုင်းနေစဉ် ဇေယျာစိုး ဆိုသူစီးလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဝတ်ဆင်ထားတဲ့ ဂျင်ပြာရောင်ဘောင်ဘီအိတ်ကပ်ထဲ ကျပ်သိန်း ၁၀၀ ဖိုးတန်ဖိုးရှိ WYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား

၂၀၀၀ ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ဇေယျာစိုးအား စစ်မေးရာ ပဲခူးမြို့ ဥသာမြို့ သစ်ရပ်ကွက်ကြီး (၉) မွန်စုရပ်ကွက်နေ ဇင်မင်းလတ်ဆိုသူထံမှရရှိကြောင်း သိရလို့ သွားရောက်ရှာဖွေရာ တစုံတရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ဇင်မင်းလတ်လည်း နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရပါတယ်။

ဇေယျာစိုးနဲ့ ဇင်မင်းလတ် တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆးဝါးများဆိုင်ရာပုဒ်မ ၁၅/၁၉ (က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - နေလင်းထိုက်

DVB TV News

No comments:

Post a Comment