Latest News

Friday, March 17, 2017

Online မှာပျံနှံသွားတဲ့ ပြေတီဦး ဝတ်မှုန်ရွှေရည်တို့ရဲ့စကားတွေကို ပရိတ်သတ်တွေဒေါသထွက်


Online ရန်အောင် ပြေတီဦး ဝတ်မှုန်ရွှေရည်နဲ့ အခြား အနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးနေတဲ့ ဝက်ဝက်ကွဲအောင် ပွင့် ဇာတ်ကားရဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ အခြားသူတွေရိုက်နေတုန်း scene ထဲမပါသေးတဲ့ ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ အပြန်အလှန်ပြောနေတဲ့ အကယ်ဒမီနဲ့ပါတ်သတ်တဲ့စကားသံတွေအမှတ်မထင် ပေါက်ကြားသွားခဲ့ပါတယ် ။
ဘေးကလူ Live လွှင့်နေတာကိုသတိမထားမိဘဲစိတ်ထဲရှိသလိုပြောဆိုနေကြတဲ့ သူတို့ရဲ့စကားသံတွေကို live ဝင်ကြည့် မိတဲ့ပရိတ်သတ်တွေက ကြားသွားရာကစပြီး တစ်ဆင့်တစ်ဆင့် Share ကြရင်း ပျံနှံကုန်တာပါ … Live ထဲမှာ ချစ် လှ စွာသောအမုန်းဇာတ်ကားရဲ့ အကယ်ဒမီဆုနဲ့ပါတ်သတ်ပြီး ပြောနေခဲ့တာဖြစ်ပါတယ် ။

ပြေတီဦးက ဝတ်မှုန်ရွှေရည်သာ ဇာတ်ဆောင်ဆုကိုရသင့်ကြောင်းပြောနေခဲ့ပြီး ဝတ်မှုန်ရွှေရည်က မိန်းသရုပ်ဆောင်ဖြစ်ေ သ်ာလည်း သက်မွန်မြင့်သာရသွားပါက Fan တွေကြားပြသာနာတတ်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ် ။ ဝတ်မှုန်ရွှေ ရ ည်ကတော့ အတတ်နိုင်ဆုံးလုပ်ခဲ့တာမို့ မရလဲ မရဘူးလို့ပဲတွေးရမှာ စသည်ဖြင့်အပြန်အလှန်စကားတွေပြောနေခဲ့တာပါ … ( ကိုယ်တိုင်နားထောင်ဖို့ Live Video လင့်တွေကိုအောက်မှာထည့်ပေးထားပါတယ် )
ချစ်လှစွာသောအမုန်းမှာ သက်မွန်မြင့်ရဲ့ခံစားချက်က ခေါင်းစဉ်မို့ ဇာတ်ဆောင် က ဝတ်မှုန်ရွှေရည်မဟုတ်ဘဲ သက်မွန်မြင့် ပါလို့လဲ တစ်ချို့ပရိတ်သတ်တွေကဝေဖန်ပြောဆိုနေကြပါတယ် … စတင် live လွှင့်တဲ့သူက live တွေကို အမြန်ပြန် ဖျ က်သွားပေမယ့် Download ဆွဲထားလိုက်တဲ့သူတွေကပြန်ဖြန့်ဝေနေကြတာပါ ။
ဒီ Vedio ကစကားသံတွေအပေါ် အထူးသဖြင့် သက်မွန်ရဲ့ပရိတ်သတ်တွေက ဒေါသထွက်နေကြပြီး မှတ်ချက်တွေပေး မျှဝေနေကြပါတယ် … တကယ်အကယ်ဒမီပေးပွဲနေ့ရောက်တဲ့အခါ အမျိုးသမီးအကယ်ဒမီဇာတ်ဆောင်ဆုရှင် ဘယ်သြူ ဖစ်မလဲဆိုတာတော့ … စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် …။
Sunthit
https://www.youtube.com/watch?v=KmMzhIN2Oy4

No comments:

Post a Comment