Latest News

Monday, March 20, 2017

NLD အစိုးရတစ်နှစ်သက်တမ်းအတွင် စစ်ဘေးဒုက္ခသည်တွေအတွက် ငွေကျပ်သိန်းပေါင်း ၅ထောင်ကျော် လှူဒါန်း

NLD အစိုးရတစ်နှစ်သက်တမ်းအတွင် စစ်ဘေးဒုက္ခသည်တွေအတွက် ငွေကျပ်သိန်းပေါင်း ၅ထောင်ကျော် လှူဒါန်း

ကချင်ပြည်နယ် အစိုးရသက်တမ်းတစ်နှစ်ကာလအတွင်း စစ်ဘေးဒုက္ခသည်တွေကို ငွေကျပ် သိန်းပေါင်း ၅ ထောင်ကျော်ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောကြားပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့က တစ်နှစ်တာဆောက်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ထည့်သွင်းပြီး ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီလိုထောက်ပံ့တာအပြင် ဆန်၊ ဆီ၊ ဆား ၊ ဆေး စတဲ့ အခြေခံ စားသုံးကုန်ပစ္စည်းတွေကို ကူညီပေးနေသလို၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေဖွင့်လှစ်ပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပူတာအိုခရိုင် နဲ့ ဆော့လော်မြို့နယ်အတွင်း သဘာဝဘေးဒါဏ်သင့်ပြည်သူတွေအတွက် ဆန်ရိက္ခာတွေ ထောက်ပံ့တာအပြင် ငွေကျပ် သိန်းပေါင်း ၃ ထောင်ကျော် ကိုလည်း ကူညီနိုင်ခဲ့ ကြောင်းပြောပါတယ်။

ပြည်နယ်အစိုးရက တစ်နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာ ဆောင်ရွက်ခဲ့တဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အလားတူ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်း နဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း ကလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

Photo: Kyaw Myo Min/ RFA

No comments:

Post a Comment