Myanmar Idol Season 2 ၏ ပြိုင်ပွဲဝင် နှစ်ဦးအပေါ် ဒိုင်များ၏ ဝေဖန် သုံးသပ်ချက်
Photo - Myanmar Idol
ရန်ကုန် ၊ မတ် ၂၅
Myanmar Idol Season 2 ၏ Grand Final ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် နှစ်ဦးကို ဒိုင်လူကြီးများမှ ချီးကျူး စကားများ ပြောခဲ့သည်။
ပြိုင်ပွဲဝင် သားငယ် နှင့် ပတ်သက်ပြီး ဒိုင်များမှ
အဆိုတော် မြန်မာပြည်သိန်းတန် " မင်းက ထိုက်တန်ပါပေတယ်။ တော်ပါပေတယ်။ ကြိုးစားမှုရဲ့ ရလဒ်တွေ အကြီးဆုံး ရပါလိမ့်မယ် ။ Myanmar Idol မှာ အပတ်တိုင်း သူ့အတွက် Bottom 3 ထိုင်ခုံ မရှိဘူးနော်" ဟု ပြောကြားခဲ့သည်။
အဆိုတော် မေဆွိ " အထူးပြောစရာမရှိပါဘူး ။ ပရိသတ်အားပေးမှုက မျက်မြင် သက်သေပါပဲ ။ ကြောက်စရာကောင်းတဲ့ လူတစ်ျယာက်ပါပဲ" ဟု ပြောခဲ့သည်။
အဆိုတော် တင်ဇာမော် က " ချစ်တုံးကြီး သီချင်းဆိုတာ အရမ်း ကောင်းတယ်။ အစကနေ ပွဲစဉ်ဆုံးတဲ့အထိ ကြိုးစားတာ အမြဲတွေ့ရတယ်။ သီချင်း တစ်ပုဒ်က အရည်အချင်း ပြည့်မီမှ ပရိသတ် ရင်ထဲ ရောက်တာပါ။ အစကနေ နောက်ဆုံး တစ်ပုဒ်ထိ အပတ်စဉ်တိုင်း ကြိုးစား ယှဉ်ပြိုင်တဲ့ အတွက် Congratulation" ဟု ပြောခဲ့သည်။
ပြိုင်ပွဲဝင် ဘီလီလမင်းအေးနဲ့ ပတ်သက်ပြီး ဒိုင်များမှ
အဆိုတော် မေဆွိ " နှစ်ယောက်စလုံးကို ကြိုက်လို့ နှစ်ယောက်စလုံး သရေပဲ ။ ကိုယ့်ရဲ့ ကြိုးစားမှုကို မလျော့ရဘူး။ သမီးရဲ့ကြိုးစားမှုကို ပရိသတ်တွေက အသိအမှတ်ပြုမှာပါ " ဟုပြောခဲ့သည်။
အဆိုတော် မြန်မာပြည်သိန်းတန် " အသံ အကြီး အလတ် နဲ့ သီဆို ယှဉ်ပြိုင်တယ်။ ဘီလီက ရင်ထဲကို တိုးဝင်အောင် ဆိုပြလိုက်တယ်။ နားထောင်လို့ အင်မတန် ကောင်းမွန်ပါတယ်။ ချီးကျူးပါတယ်" ဟု ပြောခဲ့သည်။
အဆိုတော် တင်ဇာမော် " မအေးချမ်းမေ က ဒီအစီအစဉ်ကို အမြဲကြည့်တယ်။ အခုလဲ သူကြည့်နေမှာပါ ။ သူပီတိဖြစ်နေမှာပါ။ ညီမလေးက နောက် မျိုးဆက်သစ်လည်း ဖြစ်တယ်။ အကုန်လုံးကို Perfect ဖြစ်အောင် လုပ်နိုင်ဖို့ ဆိုတာ တော်ရုံအရည်အချင်း မဟုတ်ဘူး" ဟု ပြောခဲ့သည်။
ပြိုင်ပွဲဝင် နှစ်ဦး ဖြစ်သည့် သားငယ် နှင့် ဘီလီလမင်းအေး သီဆို ယှဉ်ပြိုင်မှု အပေါ် ဒိုင် သုံးဦးမှ ချီးကျူးမှု များစွာ ရရှိခဲ့ပြီး အဆိုတော် အေးချမ်းမေ သီချင်းဖြင့် ယှဉ်ပြိုင်ခဲ့သည့် ဘီလီလမင်းအေး ကိုလည်း အဆိုတော် အေးချမ်းမေ မှ ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ယခုလို ရေးသားထားသည်။
" ဘုရားစူး သီချင်းဆိုသွားတာ အေးချမ်းမေ ထက် သာတယ်။ အထူး သဖြင့် အက ၊ အေးချမ်းမေ မကတတ်ပါ" ဟု ၎င်း၏ ဖေ့ဘုတ် တွင် ရေးသားထားသည်။
Myanmar Idol Season 2 Grand Final ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် သားငယ် နှင့် ဘီလီလမင်းအေးတို့မှ တေးသီချင်း ၃ပုဒ်စီဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ် မဲပေးမှုဖြင့် ရွေးချယ်ရာတွင် မဲအများဆုံး ရရှိခဲ့သည့် ပြိုင်ပွဲဝင် သားငယ် မှ Winner အဖြစ် ရရှိခဲ့သည်။
ထိုယှဉ်ပြိုင်မှု မစတင်ခင် အချိန်ကတည်းက ပရိသတ်များမှ Winner မည်သူဖြစ်နိုင်သည် ဆိုပြီး ဖေ့ဘွတ်ပေါ်တွင် ခန့်မှန်းမှုများ ရှိသလို ပြိုင်ပွဲဝင် ၂ဦး ၏ Fanများမှလည်း အသီးသီး အားပေးမှုများ လုပ် ဆောင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲ စတင်ကတည်းက မိသားစု နှင့် ခွဲခွာပြီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရသည့် အတွက် Grand Final ပြိုင်ပွဲ မကျင်းပခင် ၎င်း တို့၏ နေရပ်များသို့ ပြန်ကာ ပရိသတ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
Myanmar Idol Season 2 Grand Final ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နှစ်ဦးကို မဲပေးရာ၌ အခက်အခဲများ ရှိခဲ့ပြီး မဲပေးလို့မရသည့် အတွက် ဖေ့ဘွတ် စာမျက်နှာတွင် ပရိသတ်များ ၏ ဝေဖန်ပြောဆိုမှုများစွာ ဖြစ်ပေါ်ခဲ့သေးသည်။
ပန်းမြတ်ဇော်( Mizzima )
Saturday, March 25, 2017
Myanmar Idol Season 2 ၏ ပြိုင်ပွဲဝင် နှစ်ဦးအပေါ် ဒိုင်များ၏ ဝေဖန် သုံးသပ်ချက်
Myanmar Idol Season 2 ၏ ပြိုင်ပွဲဝင် နှစ်ဦးအပေါ် ဒိုင်များ၏ ဝေဖန် သုံးသပ်ချက်
Reviewed by Ar Ti
on
1:54 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment