Latest News

Tuesday, March 28, 2017

MPTဆင်းကတ်သုံးစွဲသူများ သင်္ဃန်းကျွန်းရုံး၌ မှတ်ပုံတင်ဆောင်ရွက်မှု များပြား၊ CDMA မှ GSM သို့ ပြောင်းလိုက ပြောင်းလဲသုံးနိုင်

MPTဆင်းကတ်သုံးစွဲသူများ သင်္ဃန်းကျွန်းရုံး၌ မှတ်ပုံတင်ဆောင်ရွက်မှု များပြား၊ CDMA မှ GSM သို့ ပြောင်းလိုက ပြောင်းလဲသုံးနိုင်

ရန်ကုန် မတ် ၂၈

MPT သုံးစွဲကြသူ ရဟန်းရှင်လူမိဘပြည်သူများသို့ MPT sim card Registration (ဆင်းကတ်မှတ်ပုံတင်ခြင်း) ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများသည် (အခမဲ့ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ပေးလျက်ရှိရာ) ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမ(သရက်တော)အနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTရုံး၌ ဝန်ထမ်းများသည်MPTနှင့် CDMA 800 သုံးစွဲကြသော ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းတို့အား မတ်လ နောက်ဆုံးပတ်ကုန်ဆုံးရက်နီးလာပြီဖြစ်ရာ မတ် ၂၈ နံနက် ၉ နာရီခွဲမှ စတင်၍ မွန်းလွဲ ၂ နာရီခွဲအထိ မှတ်ပုံတင်မိတ္တူနှင့်တကွ အထောက်အထား ပြည့်စုံသူတို့အား ချက်ချင်းအခမဲ့ဆောင်ရွက်၍ ဝန်ဆောင်မှုပေးနေသည်ဟု မြို့နယ်MPT ရုံးတာဝန်ရှိသူထံမှ သိရသည်။

CDMA.73၊49၊85 ၊86 ၊87 ဖုန်းနံပါတ် ကိုင်ဆောင်ထားကြသော ရဟန်း ရှင်လူ မိဘပြည်သူများအနေဖြင့် (GSM) ဖုန်းနံပါတ်သို့ ပြောင်းလဲအသုံးပြုလိုပါက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ စာတိုက်ကြီးအပေါ်ထပ်၌ လည်း ကောင်း၊ လမ်း ၄ဝ အမှတ်(၁ဝ၃)ကျောက်တံတားမြို့နယ် ရုံးသို့သွားရောက်၍ လည်းကောင်း မှတ်ပုံတင်မိတ္တူငှားရမ်း ဆင်းကတ်အထောက်အထားနှင့်တကွ ပြောင်းလဲနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTရုံး ၌ ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းအား အသိပေးကြေညာထားချက်အရ သိရသည်။

တင်ကြည်(သင်္ဃန်းကျွန်း)

No comments:

Post a Comment