Latest News

Tuesday, March 7, 2017

သူခိုး idol..


" သူခိုး idol.."

တစ်​ည..
မြန်​မာidol ဒိုင်​သုံးဦး နား​နေရာ​အခန်း၌ သူခိုးအခိုးခံရ​စဉ်​....

”မ​ဆွေအ​နေနဲ့က​တော့ ..
ဘာမှ​ထွေ​ထွေထူးထူး ​ပြောစရာ​တော့မရှိပါဘူး..။
အဓိက ​ပြောချင်​တာ​လေး တစ်​ချက်​​တော့ရှိတယ်​ ။

အဲ့ဒါကဘာလည်း ဆို​တော့ cctv ​ပေါ့​နော်​။ သူ့မှာအားနည်းချက်​​လေးရှိတာကို​တော့ မ​ဆွေအ​နေနဲ့ မြင်မိ​တယ်​။ ဘာလို့လည်းဆို​တော့ အရမ်းအ​ရေးကြီးတဲ့ အချိန်​မှာ ပြန်​ကြည့်​ခဲ့လို့ရှိရင်​ အ​တော်​များများက ပျက်​​နေတတ်​ကြတာကိုး။

ဒါ​လေးကို ကြိုးစားပမ်းစား အား​လေးထည့်​ပြီး ပြင်​နိုင်​ခဲ့မယ်​ဆိုရင်​ တစ်​ချိန်​ချိန်​မှာ ​အောင်​မြင်​မှု့​တွေရလိမ့်​မယ်​လို့ မ​ဆွေက​တော့ ဒီလိုပဲသုံးသပ်​မိတယ်​။

မ​ဆွေတို့ ငယ်​ငယ်​တုန်းက​ ဒါမျိုး​တွေလည်းမရှိ​သေး​တော့ ဒီကနေ့မှာ ဒါမျိုး​တွေကို ကိုယ်​တိုင်​ကိုယ်​ကျ မြင်​လိုက်​​တွေ့လိုက်​ရတဲ့အခါ ​'အော်​..ငါတို့ငယ်​ငယ်​တုန်းက မရှိခဲ့ပါလား' လို့ မ​ဆွေ​တွေးမိတယ်​​လေ။

ပြီးခဲ့တဲ့ တစ်​ပတ်​​လောက်​ကဟာ​လေး​တွေကို အပြင်း​ပြေပြန်​ကြည့်​ရင်​လည်း ရနိုင်​ပါရဲ့သားနဲ့ ဒီက​နေ့လိုအခါမျိုးမှာမှာ ပျက်​ရ​လေခြင်းရယ်​လို့ သိရ​တော့ စိတ်​ထဲ​တော့ မ​ကောင်းလှဘူး​ပေါ့ကွယ်​။

ဒါ​လေးက​တော့ မဆိုသ​လောက်​​လေးအားနည်းချက်​​ပေါ့​နော်​..။

ဘာပဲ​ပြော​ပြော အားလုံးကို ခြုံငုံသုံးသပ်​ပြီး…… မ​ဆွေ​အနေနဲ့​ပြောရမယ်​ဆိုရင်​​တော့……

''ကို​ရွှေသူခိုး...မင်းကံ​ကောင်းပါ​စေ''

”ဟုတ်​ကဲ့.. မတင်​ဇာရဲ့ အမြင်​​လေးလည်း ​ပြောပြ​ပေးပါအုန်း ခင်​မျာ”

”အင်း...........င်း............င်း............
စစခြင်း ဝင်​လာခဲ့တဲ့ အချက်​​ပေါ့​နော်​..

သူဘယ်​လိုဝင်​လာတယ်​ဆိုတာက သူဘာ​တွေယူသွားတယ်​ဆိုတာထက်​ကို ပိုစိတ်​ဝင်​စားဖို့​ကောင်းတယ်​။ အဲ့​နေရာမှာ အသံတိုးတိုး​လေးနဲ့ တစ်​လှမ်းခြင်း လှမ်းဝင်​လာဖို့က အရမ်းအ​ရေးကြီးတယ်​​လေ။

အမတို့ ​ရော့ခ်​ကာသမား​တွေလို ကီးမြှင့်​ပြီး ဝုန်းဒိုင်းဝင်​လာလို့မှမရပဲ။

သူ့အထာ​လေးနဲ့သူ ကီးမှန်​မှလည်း တံခါးကဖွင့်​လို့ရမှာ​ပေါ့။

ဒါကို​တော့ သူ့အ​နေနဲ့ အမြဲ​လေ့ကျင့်​ထားဖို့လိုတာ​ပေါ့​နော်​။ ဒါမှလည်း ခိုးတဲ့အခါ အသံမထွက်​ပဲ ပစ္စည်း​တွေကို တစ်​စခြင်း တစ်​​ခုခြင်း စုပြီးပိုင်​ပိုင်​နိုင်​နိုင်​သယ်​လို့ရမှာကိုး ။

ဒါ​လေးကို ​သေ​သေခြာခြာ စနစ်​ကျကျနဲ့ အဝင်​အထွက်​မှန်​​အောင်​ ​လေ့ကျင့်​ထားခဲ့မယ်​ဆိုရင်​ တစ်​ချိန်​ချိန်​မှာ အေ​စာင့်​​တွေဘယ်​လိုမှ မဖမ်းနိုင်​တဲ့ သူခိုး​ကောင်းတစ်​​ယောက်​ဖြစ်​လာလိမ့်​မယ်​လို့ အမက​တော့ထင်​တယ်​ ။ 

နောက်​တစ်​ခါ ဘယ်​လိုနည်းနဲ့ လာခိုးအုန်းမလဲဆိုတာကို အမတို့ ​သေ​သေခြာခြာ​စောင့်​ကြည့်​မယ်​​လေ ” Ok..good luck thief..”

”​နောက်​ဆုံး အန်​ကယ့်​အမြင်​​လေးကိုလည်း ​ပြောပါအုန်းခင်​မျ”

”အ​ဟေး..​ဟေး..​ဟေး..​ဟေး
ဒီမယ်​..ဒီမယ်​ ​မောင်​ရဲ​ရေ မင်းကယူနီ​ဖောင်းကြီးနဲ့ ဆို​တော့ အန်​ကယ်​ က စဉ်းစား​နေတာကွ..

ဒါဟာ အတည်​​မေး​နေတာလား ဟို​ကောင်​​ပေါက်​ကရ ​ရေး​နေတာလားဆိုတာ..

ဒါနဲ့​နေစမ်းပါအုန်းကွ ​စောနက မ​ဆွေတို့ ​ဟော့ဒီက မတင်​ဇာတို့ ​ပြောပုံအရဆိုရင်​ အဲ့သူခိုးက အ​တော်​​လေးကို လက်​စ​ကောင်းတဲ့သူပဲကွ​​..
ဒါကိုပဲ အန်​ကယ်​ကစဉ်းစား​နေတာကွ..

အင်း..ဒီ​ကောင်​ သူများအဝတ်​​တွေကျ​တော့ ယူပြီး ငါ့အဝတ်​​တွေကျမှ ဘာလို့ယူမသွားသလဲ​ပေါ့..

ဒီ​နေရာမှာ အန်​ကယ်​တစ်​ခု​ပြောချင်​တာက​တော့ နိုင်​ငံကြီးသားပီသချင်​ရင်​ ငါ့အဝတ်​​တွေလည်းယူ​လေ.. ဟုတ်​ပီလား..

ဟို.. ​တောက်​​တောက်​​ပြောင်​​ပြောင်​ကြီးမို့လို့တို့ ဆိုဒ်​ကြီး​တွေက ပွ​နေတာတို့ ဆိုတာမျိုးတော့ မ​တွေးမိ​စေနဲ့​ပေါ့ကွယ်​.. ဟုတ်​ဘူးလား..

တကယ်​တန်းကိုယ်​က ခိုး​တော့မယ်​ဆိုရင်​ ဘယ်​အ​နေအထားမျိုးမှာပဲဖြစ်​ဖြစ်​ ခိုးကိုခိုးသွားနိုင်​ရမယ်​..

ဒါကိုအန်​ကယ့်​အ​နေနဲ့ ​ပြောလိုတယ်​..

ဟိုကွာ.. မင်းတို့​ပြော​ပြော​နေတဲ့ စီစီတီဗီဆိုလားဘာလား..

အဲ့ဒါကြီးရှိရှိမရှိရှိ ဒီက​နေ့မှာ လုပ်​ချင်​တိုင်း လုပ်​​နေကြတာကိုလည်း အန်​ကယ်​တို့​က ​တွေ့​နေရ​တော့..

ဒါကို​ အထူးမ​ပြောလို​တော့ပါဘူး..

ကောင်းပြီ ​နောက်​ဆုံးအ​နေနဲ့ အန်​ကယ့်​အမြင်​​ပြောရရင်​​တော့ အန္တရာယ်​မဖြစ်​​အောင်​ခိုးပါ..

သူတစ်​ပါးဘဝပျက်​​အောင်​ မခိုးပါနဲ့..

အန်​ကယ့်​ပစ္စည်းအသုံးအ​ဆောင်​​တွေကို မဝတ်​ရဲလို့ ထားခဲ့မယ်​ဆိုရင်​​တော့ ”အန်​ကယ်​က​တော့ No ပါ "
😃😃😃
Cre:ဇဝသ။ via zin mar htwe
မူရင်းလူခရက်ဒစ်ပါခညာ

No comments:

Post a Comment