Latest News

Wednesday, March 22, 2017

ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language)



ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language) ကို လေ့လာကြည့်တဲ့အခါမှာ မြန်မာ သဒ္ဒါ နဲ့ အင်္ဂလိပ် သဒ္ဒါတွေကို စပြီးလေ့လာသလိုပါပဲ။ မြန်မာ သဒ္ဒါကို စပြီးလေ့လာရင် ၀ါစင်္ဂ (၉) မျိုးရှိတယ်ဆိုတာကို ဆရာတွေက အရင်ပြောပြသလို၊ အင်္ဂလိပ်သဒ္ဒါမှာလည်း ၀ါစင်္ဂ (၈) မျိုး (Eight Parts of Speech) ဆိုတာကို ပြောပြပါတယ်။ ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language) ကို ဟောလိဝုဒ်က ၀ါရင့် ရုပ်ရှင် အတတ်ပညာရှင်၊ အသိပညာရှင်တွေက Grammar of Film လို့ တင်စားပြောဆိုကြပါတယ်။ ဒီနေရာမှာ Grammar ဆိုတဲ့ စကားလုံးကိုသုံးလိုက်ပေမယ့် ရုပ်ရှင် ဖန်တီးတာ နဲ့ သဒ္ဒါအပိုင်း နဲ့ ဘာမှ မသက်ဆိုင်ပါဘူးလို့လည်း သူတို့က ဆိုထားပါတယ်။

မြန်မာစကားမှာ "သဒ္ဒါမတတ်ရင် စာမတတ်ဘူး" ဆိုတဲ့ ဆိုရိုးတခုလည်း ရှိနေပြန်သေးတော့ ရုပ်ရှင်ဖန်တီးခြင်းအတတ်ပညာ ချို့တဲ့တဲ့ ရုပ်ရှင် ဇာတ်ကား တကားကို ကြည့်ရတာက သဒ္ဒါနည်းကျ ရေးမထားတဲ့ စာတပုဒ်ကို ဖတ်ရသလိုပါပဲ။ ရိုက်ချက်၊ အလင်း၊ အမှောင်၊ အသံ၊ အရောင်၊ နောက်ခံ background နဲ့ ဇာတ်ကောင်တွေကို နေရာချထားမှုတွေ သဟဇာတမဖြစ်တဲ့အတွက်ကြောင့် ကြည့်တဲ့ ပရိသတ်ကို ရသ အပြည့်အ၀ပေးနိုင်မှာမဟုတ်ပါဘူး။

Cinema Language မှာ အောက်ပါအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

၁။ ရိုက်ချက် အရွယ်အစား (Shot Size)
ဇာတ်ဝင်ခန်း တခန်းချင်းစီ (Scene) အလိုက် ရိုက်ချက် (Shot) ဘယ်နှစ်ချက်ရိုက်မယ်၊ ဘယ် ရိုက်ချက်ကို ဘယ်အရွယ်အစား (ဥပမာ - Close Up Medium, Wide shot စသဖြင့်

၂။ ကင်မရာ frame အတွင်း ဇာတ်ကောင်များအား နေရာချထားပုံ၊ တည်နေရာ နှင့် နောက်ခံ background (Composition: Foreground, Midground and Background)
ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ အရေးပါမှုပေါ်မူတည်ပြီး ကင်မရာ frame ထဲမှာ ဇာတ်ကောင်တွေကို နေရာချထားပုံ၊ ဇာတ်ကောင်တဦးချင်းစီ နဲ့ ကင်မရာ၊ နောက်ခံ background တွေ နဲ့ အကွာအဝေး

၃။ ကင်မရာ၏ တည်နေရာ နှင့် ရှုထောင့် (Camera Position and Angles)

၎။ ကင်မရာ ရွေ့လျားမှု (Camera Movement)
ကင်မရာကို ရှေ့တိုး၊ နောက်ဆုတ်၊ ဘေးတိုက် ဘယ်ညာကို Dolly နဲ့ဆွဲပြီး ရိုက်တာမျိုး (Dolly Shot)၊ ထောက်တိုင်ပေါ်မှာ တည်ထားပြီး ဘယ်ညာ ဆွဲပြီး ရိုက်တာမျိုး (panning)၊ အထက်အောက် ဆွဲပြီး ရိုက်တာမျိုး (Tilting) စသဖြင့်၊

၅။ မှန်ဘီလူး (Lens Setting)
ဇာတ်ကောင် (သို့မဟုတ်) အရာဝတ္ထု နဲ့ ကင်မရာ အကွာအဝေး၊ ရိုက်ချက်အရွယ်အစား (shot size) ပေါ်မူတည်ပြီး သုံးရမယ့် မှန်ဘီလူး အရွယ်အစား (ဥပမာ - 24 mm, 50 mm, 80 mm စသဖြင့်)

၆။ အလင်းအမှောင် သဘောတရား နဲ့ ကာလာ (Lighting and Color)
ဒီအပိုင်းကို Color Temperature အပိုင်း နဲ့ Color Correction အပိုင်းရေးတဲ့အခါကျရင် အသေးစိတ်ရေးပါမယ်။

၇။ အသံဖမ်း၊ အသံထပ်၊ အသံရောနှောခြင်း (Sound: Recording, Voice over, sound mixing, sound design)

၈။ ရိုက်ချက် တခု နဲ့ တခု ဆက်စပ်မှု (Continuity)

၉။ တည်းဖြတ်ခြင်း (Editing)

အခုတော့ ဒီလောက်ပါပဲ။ ဒီပို့စ်ရေးတာရော၊ မှီငြမ်းဖို့ ဓာတ်ပုံတွေကို အင်တာနက်ထဲမှာ မွှေနှောက်ရှာတာရော စုစုပေါင်း အချိန် ၃ နာရီကျော်ကျော်လောက် ကုန်သွားပြီး၊ မနက်လည်း မိုးလင်းသွားပြီ ဖြစ်တာကြောင့် မျက်နှာပေါ် စောင်အုပ်ပြီး အိပ်ပါပြီဗျာ။
Kyaw Thein Kha













No comments:

Post a Comment