Latest News

Thursday, March 16, 2017

စစ်ဘေးဒုက္ခသည်တွေကို ဌာနေပြည်သူ့စစ်က ရွှေ့ပြောင်းခိုင်း

စစ်ဘေးဒုက္ခသည်တွေကို ဌာနေပြည်သူ့စစ်က ရွှေ့ပြောင်းခိုင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂွေထု ဌာနေပြည်သူ့စစ်ဒေသမှာ စစ်ဘေးခိုလှုံနေကြတဲ့ အိမ်ထောင်စု ၃၅ ခုရဲ့ မြေနေရာမှာ စိုက်ပျိုးရေး စီမံကိန်းလုပ်ကိုင်မှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းပေးဖို့ ဌာနေပြည်သူ့စစ်တာဝန်ရှိသူတွေက ပြောဆိုထားတဲ့အတွက် အခက်အခဲတွေဖြစ်နေပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဘေးခိုလှုံနေကြသူတွေက လာရောက်အကူအညီတောင်းတဲ့အတွက် ပြည်နယ်အစိုးရကို အကြောင်းကြားထားတယ်လို့ ဝိုင်းမော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ် က ပြောပါတယ်။

ဌာနေပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဂွေထု ရွာမှာ တိုးချဲ့ရပ်ကွက် အမှတ် ၆ အဖြစ်သတ်မှတ်ပြီး ချီဖွေ၊ ဆော့်လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေက စစ်ဘေးရှောင်အိမ်ထောင်စု ၇၀ က လူဦးရေ အယောက် ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး အခြေချနေထိုင်နေကြတာလို့ ဆိုပါတယ်။

အခုလဆန်းပိုင်းကစပြီး ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေက အိမ်ထောင်စု ၇၀ ထဲက မိသားစု ၃၅ စုရဲ့မြေနေရာမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး ရွှေ့ပြောင်းခိုင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် အိမ်နဲ့ အဆောက်အဦတချို့ကို မြေတူးစက်တွေနဲ့ လာရောက်ဖယ်ရှားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ အထက်လူကြီးတွေညှိနှိုင်း ဆောင်ရွက်နေပြီး မနက်ဖြန်မှာ ပြည်နယ်လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးက လာရောက်ကွင်းဆင်းဖို့ သတင်းကြားတယ်လို့ ဂွေထု ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တချို့က RFA ကို ဒီကနေ့ ပြောပါတယ်။

ဦးလဆန်အောင်ဝါ ဦးဆောင်တဲ့ ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး ဝိုင်းမော်မြို့နယ် ဂွေထု ဒေသမှာ အခြေစိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။RFA

No comments:

Post a Comment