Latest News

Sunday, March 5, 2017

အသက်(၆ဝ)နှင့်အထက် အငြိမ်းစားများအား ဂါရဝပြု

အသက်(၆ဝ)နှင့်အထက် အငြိမ်းစားများအား ဂါရဝပြု


ပုသိမ် မတ် ၅

ဧရာဝတီတိုင်းဒေသကြီး ကျော်ဖောင်ဒေးရှင်း အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ဟောင်းများက အသက်(၆ဝ)နှင့်အထက် အငြိမ်းစားအမှုထမ်း၊ အရာထမ်း ၆၆ ဦးတို့အား ဂါရဝပြုပွဲကို မတ် ၄ ရက် နံနက် ၉ နာရီက ပုသိမ်မြို့ အမှတ်(၃) နယ်မြေ ရှင်ပင်ဘုန်းပွင့်လမ်း မြောင်းမြ ပရိယတ္တိစာသင်တိုက် ဆွမ်းစားဆောင် သုံးထပ်တိုက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျော်ဖောင်ဒေးရှင်း နာယက တိုင်းအုပ်ချုပ်ရေးမှူး(ငြိမ်း) ဦးအေးကျော်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အသက်(၆ဝ)နှင့်အထက်အမှုထမ်းခဲ့ကြသော အရာထမ်း၊ အမှုထမ်းများ၏ ကျန်းမာရေး၊ လူမှုရေးကိစ္စအထွေထွေ ကူညီစောင့်ရှောက်ရန် အငြိမ်းစားများစုပေါင်းဖွဲ့စည်းထားသော ကျော်ဖောင်ဒေးရှင်းကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းဟောင်းများ၏ သာရေး၊ နာရေး၊ လူမှုရေး၊ သဘာဝဘေးဆိုင်ရာကိစ္စတို့ကို အထွေထွေကူညီဖေးမ ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။
ထို့နောက် အသက်(၆ဝ)နှင့်အထက် အငြိမ်းစား ၆၆ ဦးတို့အား ကျော်ဖောင်ဒေးရှင်းနာယကနှင့် တိုင်းဒေသကြီး အထွေထွေဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ အလှူရှင်များ၊ ဖောင်ဒေးရှင်းအသင်းဝင် များက လှူဖွယ်ဝတ္ထုပစ္စည်းစုံလင်စွာဖြင့် ဂါရဝပြုပေးအပ်ခဲ့ကြသည်။
(ပုသိမ်လှကြည်)ပြန်/ဆက်

No comments:

Post a Comment